Part-10(Unicode)

1K 83 11
                                    

ဒီနေ့ကကျောင်းသင်္ကြန်နေ့လေးဆိုပေမ့ဲကျောင်းစည်းကမ်းနဲ့အညီထမီနဲ့အကျႌသာဝတ်ဆင်ရသည်က့ံကော်ကနည်းနည်းအဆင်ပြေမ့ဲဝတ်စုံကိုရွေးဝတ်လိုက်ကာမိတ်ကပ်ကိုခပ်ပါးပါးလေးလူးလိုက်ပြီးနှုတ််ခမ်းသားတွေကိုတော့ပန်းရောင်သန်းစေလိုက်သည်..ပြင်ဆင်လို့ပြီးတာနဲ့ကျောင်းသားကဒ်လေးယူကာအောက်ထပ်ဆင်းလာလိုက်သည်..အရင်နှစ်တွေကကျောင်းသင်္ကြန်ဆိုမသွားဖြစ်ပေဒီနှစ်ကျတော့တီချယ်နဲ့တွေ့ရမှာမို့စိတ်လှုပ်ရှားရသည်..

"က့ံကော်ရေ.."
"လာပြီ.."

အိမ်ရှေ့ထွက်လာကာဆိုင်ကယ်ထုတ်ပြီးနှင်းကိုတင်ကာကျောင်းဆီထွက်လာလိုက်သည်..

"နှင်း..တိုးလွင်ရော.."
"ကျောင်းမှာစောင့်နေမယ်တ့ဲ.."
"အင်း.."

ကျောင်းရောက်တော့တိုးလွင်ကရောက်နေပြီမို့ဆိုင်ကယ်ထားကာလမ်းလျှောက်ပြီးဌာနအရှေ့နားကပွဲကျင်းပတ့ဲနေရာဘက်ကိုလာခ့ဲလိုက်သည်မေဂျာအလိုက်ဖျော်ဖြေပွဲလည်းရှိသလိုသနပ်ခါးလိမ်းပေးတာလည်းရှိသည်စပွန်ဆာပေးထားတ့ဲအချိုရည်ဗူးတွေကိုတော့တစ်ယောက်တစ်ဗူးယူပိုင်ခွင့်ပေးထားတာလည်းရှိသည်..ဖျော်ဖြေပွဲထဲသို့ဝင်ရင်လည်းကျောင်းသားကဒ်နဲ့ဝင်ရတာမို့နည်းနည်းတော့တိုးရသည်..

"က့ံကော်အထဲဝင်ကြည့်ကြမလား.."
"ဝင်ချင်ဝင်လေ.."

က့ံကော်တို့အထဲဝင်ရဖို့မနည်းတိုးလိုက်ရသည်အထဲမှာတော့ရေပက်တ့ဲသူကပက်ကြပြီးကတ့ဲသူတွေက ကကြသည်ကျောင်းသင်္ကြန်လေးကပျော်စရာတော့ကောင်းပါသည်နှင်းတို့ကလက်လေးတွဲပြီးပျော်နေကြတာမို့ကိုယ့်မှာတစ်ယောက်တည်းပျင်းရပါသည်..

"နှင်း..ငါအပြင်ထွက်တော့မယ်.."
"ဟ့ဲ..ဘာလို့လဲ.."
"ငါတီချယ်မြင့်ကိုသွားတွေ့လိုက်ဦးမယ်.."
"တီချယ်ရေလောင်းတာခံချင်လို့ရေမစိုထားတာမလား.."
"ဒါပေါ့..ငါသွားပြီ.."
"အင်း.."

က့ံကော်ပွဲထဲကပြန်ထွက်လာပြီးတော့ခပ်လှမ်းလှမ်းနေရာမှာရပ်ပြီးတီချယ့်ကိုဖုန်းခေါ်လိုက်သည်..

"ဟဲလို..တီချယ်မြင့်.."
"ဘာတုန်း.."
"အားလားဟင်.."
"ဘာလုပ်မို့လဲ.."
"​ရေလေးလောင်းချင်လို့.."
"မင်းရောရေစိုသွားပြီလား.."
"မစိုသေးဘူး..တီချယ်မြင့်ရေလောင်းတာလေးခံချင်လို့လေ.."
"ပိုတာက.."
"မပိုပါဘူး..ဒါပြီးရင်တစ်ခြားမှာစကားခဏသွားပြောရအောင်..ဆိုင်ကယ်သွားယူမှာမို့ခဏတော့စောင့်နော်.."
"မယူနဲ့တော့..ကားနဲ့ဘဲသွားကြမယ်.."
"ဟုတ်က့ဲ.."

မြင့်Where stories live. Discover now