Part-3(Unicode)

839 64 0
                                    

ဒီနေ့ကျာင်းသွားဖို့ကိုမနေ့ကထက်လူကပိုတက်ကြွနေခ့ဲသည်..ကျောင်းကအတန်းချိန်ရှိတ့ဲအချိန်ဘဲသွားတက်ရတာမို့တစ်ခါတစ်လေဆိုနေ့လယ်ဘက်တွေဖြစ်နေသည်..ကျောင်းသွားဖို့ကိုစိတ်လောနေခ့ဲတာမို့လူကအငြိမ်မနေဘဲဖြစ်နေမိသည်..

"သမီးက့ံကော်.."
"ရှင့်..အမေ"
"သမီးဘာဖြစ်နေတာလဲကွယ်..သမီးကိုကြည့်ရတာတစ်ခုခုကိုစိတ်လောနေသလိုဘဲ.."
"မဟုတ်ပါဘူး..နှင်းမလာသေးလို့ပါ.."
"လာ..ထိုင်ဦး.."

ဧည့်ခန်းကအမေ့နားကခုံမှာဝင်ထိုင်လိုက်သည်..အမေကလက်တွေကိုဆုပ်ကိုင်လာကာ..

"သဘောကျတ့ဲသူရှိနေပြီလား..သမီး.."
"အ့ဲဒါကလေ.."

ပြောလက်စ စကား​တွေကိုရပ်လိုက်ပြီးပြောသင့်မပြောသင့်စဉ်းစားနေချိန်မှာအမေကပြုံးပြလာကာလက်တွေကိုပိုတင်းကြပ်စွာဆုပ်ကိုင်လာရင်း..

"အမေ့ကိုလေသမီးအားလုံးပြောပြလို့ရတယ်နော်..အမေကအမေနေရာရောသူငယ်ချင်းအနေနဲ့ပါအကြံဉာဏ်ပေးမှာပါ.."
"ဟုတ်က့ဲ..အမေ.."
"အမေတို့ကသမီးရဲ့ဆုံးဖြတ်ချက်တိုင်းကိုအလေးထားပေးမှာပါ.."
"သမီးသိပါတယ်..အမေ"

ကော်ကော်ပြောနေရင်းမျက်ရည်ဝဲလာမိသည်မို့အမေကပွေ့ဖက်ပေးလာသည်..

"သမီးရဲ့ခံစားချက်အားလုံးကိုဒီအမေကိုမှမပြောရင်ဘယ်သူ့ကိုပြောမှာလဲ..ဒါကြောင့်ဘာကိစ္စဘဲရှိရှိတိုင်ပင်ပါနော်.."
"ဟုတ်က့ဲ.."

အမေကပွေ့ဖက်ထားတာကိုခွာလိုက်ပြီးကျလုဆဲဆဲမျက်ရည်တွေကိုဖယ်ပေးလိုက်ကာ..

"ကဲ..အမေ မေးတာဖြေပါဦး..သဘောကျတ့ဲသူရှိနေပြီလား.."
"ဟုတ်က့ဲ.."
"ဘယ်သူလဲ.."
"ကျောင်းကတီချယ်ပါ.."
"တီချယ်တ့ဲလား..ဒါဆိုအသက်ကွာမှာဘဲ.."
"ဟုတ်က့ဲ.."
"သမီးကအရမ်းသဘောကျတာဘဲလား.."
"ဟုတ်က့ဲ..အမေ.."

အမေကသက်ပြင်းတစ်ချက်ချ ရင်းပြုံးလိုက်ကာ..

"သမီးကတီချယ့်အချစ်ကိုရရင်အမေတို့ဆီခေါ်လာခ့ဲနော်.."
"တကယ်ပြောတာလား..အမေ"
"တကယ်ပေါ့..သမီးတီချယ်သာသမီးအပေါ်အများကြီးချစ်ပေးပြီးဂရုစိုက်ပေးရင်အမေတို့လည်းသမီးတီချယ်ကိုချစ်မြတ်နိုးပေးမှာပါ.."
"ကျေးဇူးတင်ပါတယ်နော်..အမေ..ဟင့်.."
"ဟော..ဘာလို့ငိုတာတုန်း.."
"အရမ်းဝမ်းသာလို့ပါ.."

မြင့်Where stories live. Discover now