Part-13(Unicode)

709 63 12
                                    

ဒီနေ့မောင်နဲ့dateဖို့ပြောထားသည်မို့ဝတ်နေကျဝတ်စုံတွေထက်ပိုလှတာလေးရွေးဝတ်ဖြစ်သည်မိတ်ကပ်ကပါးပါးလေးလူးတယ်နှုတ်ခမ်းကတော့မောင်ချစ်ချင်စရာလေးဖြစ်အောင်ပန်းရောင်သန်းသန်းလေးခြယ်တယ်ဆံပင်ကိုတော့မောင်နဲ့စတွေ့တ့ဲနေ့ကလို့ပြင်တယ် ဒီနေ့ကမောင်နဲ့တွေ့ရမို့ထင်ပါရဲ့စိတ်ပျော်နေတယ်ကျွန်မကိုယ်မှာအမြဲဆွတ်နေကျ ရေမွှေးနံလေးကိုဆွတ်လိုက်သည်ဒါပေမ့ဲမောင်ပြောတာကကျွန်မကိုယ်သင်းနံ့လေးကိုပိုကြိုက်တယ်တ့ဲလေ..အပျော်တွေနဲ့ပြင်ဆင်ပြီးတော့အိတ်လေးနဲ့ကားသော့ယူကာအောက်ဆင်းလာလိုက်သည်..

"သမီးမြင့်မိုရ်..ဘယ်သွားမလို့လဲ.."
"တပည့်တွေနဲ့မုန့်သွားစားကြမလို့ပါ.."
"အင်း..ကောင်းကောင်းသွားဦး.."
"ဟုတ်က့ဲ.."

ကျွန်မလည်းအိမ်ရှေ့ကကားဆီလာဖို့လုပ်ချိန်အိမ်ထဲကိုကားတစ်စီးဝင်လာသည်မို့ကျွန်မသိလိုက်ပါပြီနေဝန်းကားဆိုတာကို..

"မေ..ဘယ်သွားမလို့လဲ.."
"အပြင်သွားမလို့.."
"ငါလိုက်ပို့ပေးမယ်လေ.."
"ရတယ်..ငါကတပည့်တွေနဲ့သွားမလို့.."
"ဟိုညီမလေးတွေနဲ့လား.."
"အင်း.."
"ငါလိုက်ခ့ဲလို့မရဘူးလား..သူတို့လည်းငါ့ကိုသိနေတာဘဲ.."
"အ့ဲဒါက.."
"နေဝန်းနဲ့သိနေတယ်ဆိုတော့ခေါ်သွားလိုက်ပါကွယ်.."

မိဘတွေကပါဝင်ပြောလာသည်မို့ကျွန်မမှာဆက်ငြင်းဖို့မဖြစ်နိုင်တော့ပါ..

"အင်း..နင်လိုက်ချင်လိုက်လေ.."
"ငါ့ကားနဲ့ဘဲသွားရအောင်.."
"အင်း.."
"ခွင့်ပြုပါဦး..အန်တီနဲ့အန်ကယ်.."
"ကောင်းကောင်းသွားကြကွယ်.."
"ဟုတ်က့ဲခင်ဗျ.."

ကျွန်မနေဝန်းကိုခေါ်လာတာမောင်သိရင်စိတ်ဆိုးမှာတော့ကြိုသိသည်..ကျွန်မခေါင်းထဲအတွေးတွေကအတော်လေးရှုပ်နေသည်..

"မေ..ဘာဖြစ်တာလဲ.."
"ဘာမှမဖြစ်ပါဘူး.."

ကျွန်မဘေးဘက်သာမျက်နှာလွှဲရင်းနေလာခ့ဲတာမောင့်အိမ်ရောက်လာခ့ဲသည်..မောင့်အိမ်ရောက်တော့နေဝန်းကိုကားထဲမှာနေစေပြီးမောင်တို့ကိုသွားခေါ်လိုက်သည်..အစကနှစ်ယောက်တည်းdateမလို့ဆိုပေမ့ဲမသင့်တော်မှာစိုးလို့ဆိုပြီးမောင်ကသူ့သူငယ်ချင်းတွေ ပါခေါ်ထားလိုက်သည်..

မြင့်Where stories live. Discover now