The End(Unicode)

2.2K 107 29
                                    

ကျွန်တော်ဒီနေ့မေနဲ့တွေ့ဖို့လာခ့ဲတယ်..မေ့ကိုအမြဲပေးနေကျနှင်းဆီပန်းစည်းလေးကိုလည်းယူခ့ဲတယ်သူမချစ်ရတ့ဲသူအတွက်ပါကျွန်တော်ယူလာပေးနေရပြီ..ကျွန်တော်နောင်တရနေမိတယ်ကျွန်တော်ပိုင်ဆိုင်ချင်တာတစ်ခုတည်းနဲ့သူမကိုဆုံးရှုံးလိုက်ရတယ်..တောင်းပန်ပါတယ်လို့ပြောရင်တောင်သူမခွင့်လွှတ်ပါ့မလား..ခုချိန်တော့သူမချစ်သူနဲ့ပြန်တွေ့ရတော့သူမပျော်နေမယ်ဆိုတာလည်းကျွန်တော်သိနေတယ်..

"မေ..ငါလာတယ်နော်..ငါနင့်ကိုတောင်းပန်ပါတယ်..ငါပိုင်ချင်တာတစ်ခုတည်းနဲ့နင့်ဘက်ကိုမကြည့်လိုက်မိဘူး..မေ.."

နှင်းဆီပန်းလေးနှစ်စည်းကိုဘေးချင်းကပ်အုတ်ဂူလေးနှစ်ခုပေါ်မှာတင်ကာ..

"အစ်ကိုတောင်းပန်ပါတယ်..ညီမက့ံကော်..ညီမနဲ့မေရဲ့အချစ်ကအများကြီးစစ်မှန်ကြောင်းအစ်ကိုသိတာနောက်ကျခ့ဲတယ်..သူမနဲ့အများကြီးပျော်နေပါစေနော်.."

"မေနင်လည်းညီမက့ံကော်နဲ့တွေ့နေရတော့ပျော်တယ်မဟုတ်လားဟင်..ငါနင့်ကိုမကြာမကြာလာတွေ့မယ်နော်..နင်တို့လည်းနောက်ဘဝတော့သေချာပေါက်ပေါင်းရပါစေ..မေ"

ကျွန်တော်သူမအုတ်ဂူလေးကိုကြည့်ပြီးမျက်ရည်ကျမိတယ်..ကျွန်တော့်အမှားတွေကြောင့်ဆိုတ့ဲအတွေးတွေနဲ့ကျွန်တော့်မှာရှင်သန်နေရပြီ..တကယ်တော့ကျွန်တော့်အချစ်ကမမှားဘူးအတင်းပိုင်ဆိုင်ချင်စိတ်ရှိသွားတာလေးပဲမှားသွားတာ..

"မေ..ငါခုပြောမ့ဲစကားကိုကြားရင်ငါတို့ဘေးလူတွေရဲ့အချစ်ကိုနင်အထင်သေးဦးမလားဟင်.."

"နင်အရမ်းချစ်ရတ့ဲက့ံကော်မောင်ကိုချစ်မိတ့ဲဟိုကလေးမလေးလေ..ခုသူလည်းဆေးရုံရောက်နေတယ်..သူ့အချစ်လည်းမမှားပါဘူး..သူချစ်မိသွားတ့ဲသူသာမှားသွားတာ..သူမကက့ံကော်မောင်ကိုသာပိုင်ဆိုင်ချင်ခ့ဲတာသူမရဲ့အချစ်ဦးဖြစ်တ့ဲက့ံကော်မောင်ကဘဲခုတော့သူမကိုရူးအောင်ပြုစားလိုက်ပြီ..မေ..နင်တို့နှစ်ယောက်စလုံးကိုချစ်မိတ့ဲငါတို့ကခုတော့အရူးလိုကျန်ခ့ဲပြီ..နင်တို့တော့အေးချမ်းသွားပြီပေါ့လေ.."

ငါဒီနေ့အများကြီးပြောလိုက်မိပြီ..မေ..ငါနင်တို့ကိုသိစေချင်တယ်..ဘေးကချစ်ပေးနေတ့ဲသူတွေရဲ့အချစ်ကလည်းမင်းတို့လိုဘဲစစ်မှန်ပါတယ်..ငါတို့လေးယောက်စလုံးရဲ့အချစ်ကမမှားဘူးဆိုပေမ့ဲကိုယ်ချစ်ချင်တ့ဲပုံစံနဲ့ချစ်ခ့ဲကြလို့သာခုလိုဖြစ်ရပ်မျိုးဖြစ်ခ့ဲရတာ..ငါတို့လေးယောက်စလုံးကတစ်ယောက်ချင်းစီရဲ့အချစ်ဦးတွေဖြစ်ခ့ဲကြတယ်ဒါကြောင့်လည်းအရူးအမူးဖြစ်ခ့ဲကြတာပေါ့..နင်တို့လည်းငြိမ်းချမ်းစေ..ငါတို့လည်းလွတ်လပ်ပါစေပေါ့..မေရယ်..

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Mar 01, 2023 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

မြင့်Wo Geschichten leben. Entdecke jetzt