Part-18(Unicode)

905 80 17
                                    

ညကအိပ်တာနောက်ကျတာမို့ဒီမနက်နိုးတော့ခေါင်းတွေထိုးကိုက်နေသည်ငိုထားရတ့ဲအရှိန်ကြောင့်မျက်လုံးတွေကလည်းကျိန်းစပ်ပြီးနီရဲနေသည်..အိပ်နေတ့ဲအချိန်ဘာမှမသိတော့ခံစားမှုကသက်သာပြီးနိုးတာနဲ့အရင်ဆုံးသူမအကြောင်းတွေးမိတော့မျက်ရည်တွေကမဖိတ်ခေါ်ဘဲကျလာပြန်သည်..ရက်စက်တယ်..အ့ဲအမျိုးသမီးလေးကသိပ်ရက်စက်တယ်..အ့ဲအမျိုးသမီးကြောင့်နာကျင်နေတ့ဲနှလုံးသားလေးကလည်းသူမကိုလိုချင်နေတုန်းပဲ..နှလုံးသားလေးကတကယ့်ကိုပြုစားခံထားလိုက်ရပြီချစ်ခ့ဲတာကိုနောင်တမရဘူးဒါပေမ့ဲဝေးရမယ်ဆိုတ့ဲအကြောင်းကိုလက်မခံနိုင်လို့အိပ်မက်သာဖြစ်လိုက်စေချင်ပါတယ်..

"က့ံကော်ရေ.."
"လာပြီ.."

နှင်းခေါ်သံကြားတာမို့မျက်ရည်တွေသုတ်ပြီးအောက်ထပ်ဆင်းလာကာတံခါးဖွင့်ပေးလိုက်သည်..

"နင်အခုမှထတာလား.."
"ဟုတ်တယ်.."
"နေ့လယ်တောင်ရောက်နေပြီကိုသွားသွားမျက်နှာသွားသစ်.."

နှင်းစကားကြောင့်နာရီကြည့်လိုက်တော့နေ့လယ်တောင်ရောက်နေပြီဖြစ်သည်..

"ငါအတော်အိပ်မိသွားတာဘဲ.."
"နင့်မျက်လုံးတွေလည်းနီနေတာဘဲ..နင်အဆင်ပြေရဲ့လား.."
"ပြေပါတယ်.."
"မုန့်သွားစားကြမယ်လေ..စိတ်ပြေလက်ပျောက်.."
"ဒါဆိုခဏစောင့်..ရေချိုးလိုက်မယ်.."
"အင်း..မြန်မြန်လုပ်.."

လန်းဆန်းစေဖို့ရေချိုးခန်းထဲဝင်ကာရေကိုခပ်မြန်မြန်လေးချိုးပြီးပေါ့ပေါ့ပါးပါးဖြစ်စေမ့ဲအဝတ်အစားကိုရွေးဝတ်လိုက်သည်..မျက်နှာကိုတော့ဘာမှမလိမ်းတော့ဘဲကိုယ်ပေါ်မှာရေမွှေးလေးဆွတ်ကာသော့နဲ့ပိုက်ဆံအိတ်ယူပြီးအောက်ထပ်ဆင်းလာလိုက်သည်..

"သွားမယ်..ငါဗိုက်ဆာနေပြီ.."
"ခုမှလာလောနေတယ်.."
"လာပါဆို.."

နှင်းကိုတင်ကာအိမ်နဲ့နီးတ့ဲoceanကိုဘဲထွက်လာလိုက်သည်..oceanရောက်တော့အပေါ်ထပ်ကစားသောက်ဆိုင်ထဲဝင်ကာပဲခေါက်ဆွဲမှာစားလိုက်သည်..

"က့ံကော်..နင့်ကိုကြည့်ရတာအရမ်းအဆင်ပြေချင်ယောင်ဆောင်နေသလိုဘဲ.."
"မဟုတ်ပါဘူးဟာ.."
"နင်မလိမ်ပါနဲ့.."
"တကယ်ဆိုငါအဆင်မပြေဘူး..နှင်း.."

မြင့်Where stories live. Discover now