Part-14(Unicode)

731 63 4
                                    

"က့ံကော်ရေ.."
"ဘာတုန်း.."
"နင်ဘာလုပ်နေတာလဲ.."
"ဂိမ်းဆော့နေတာ.."
"နင်မပျင်းဘူးလား.."
"ပျင်းလို့ဂိမ်းဆော့နေတာပေါ့.."
"ငါတို့မုန့်သွားစားကြရအောင်.."
"မသွားပါဘူး..ငါမြင့်နားချိန်ခဏသွားတွေ့မလို့.."
"အေးပါဟယ်.."

နှင်းကမျက်စောင်းထိုးရင်းမ့ဲရွဲ့ကာပြောလာသည်..ဂိမ်းဆော့ပြီးတော့နာရီကြည့်လိုက်တာသူမနေ့လယ်နားချိန်ရောက်နေပြီမို့သွားတွေ့ဖို့ပြင်လိုက်သည်..

"နှင်း..ငါမြင့်ကိုသွားတွေ့မလို့..နင်လိုက်ချင်လား.."
"လိုက်ချင်တယ်.."
"အင်း..လာသွားကြမယ်.."

နှင်းကိုတင်ကာကျောင်းဘက်ထွက်လာခ့ဲသည်ကျောင်းပိတ်ချိန်ဆိုပေမ့ဲအဝေးသင်ကျောင်းသားတွေတော့ရှိနေသည်မို့ဆိုင်ကယ်ထားတ့ဲနေရာမှာဆိုင်ကယ်ထားကာဖုန်းဆက်လိုက်သည်..

"ဟဲလို..မြင့်..အားလား.."
"အင်း..ဘာဖြစ်လို့လဲ.."
"ကျောင်းရောက်နေတယ်..မြင့်နဲ့တွေ့ချင်လို့ရလား.."
"ရတယ်လေ..ခုဆင်းခ့ဲမယ်.."
"ဟုတ်က့ဲ..ဆိုင်ကယ်ထားတ့ဲနေရာမှာစောင့်နေတယ်.."
"အင်း..လာခ့ဲမယ်.."

ဖုန်းကျပြီးတော့ဌာနဘက်ကြည့်လိုက်တော့အပြင်ထွက်လာတ့ဲအမျိုးသမီးလေးကိုလှမ်းတွေ့လိုက်သည်သူမကချက်ချင်းဘဲကားကိုက့ံကော်တို့ဆီမောင်းလာခ့ဲသည်..

"မောင်..တက်လေ..ကျောင်းအပြင်ဘက်ကဆိုင်တစ်ဆိုင်သွားရအောင်.."
"ဟုတ်က့ဲ.."

က့ံကော်ကအရှေ့ခန်းမှာထိုင်ပြီးနှင်းကအနောက်ခန်းမှာထိုင်သည်..စတီယာတိုင်ကိုင်တော့မ့ဲသူမလက်လေးကိုလှမ်းကိုင်လိုက်တော့သူမကပြုံးပြလာသည်..သူမပြုံးသာပြုံးနေတာအပြုံးတွေကအသက်မပါမှန်းအရမ်းသိသာလွန်းသည်..

"မြင့်ကိုမောင်အရမ်းလွမ်းနေတာ.."
"ကျွန်မလည်းလွမ်းတယ်..အမြဲတွေ့ချင်နေတာ.."
"ဒါဆိုအမြဲတွေ့ကြမယ်လေ.."
"တွေ့ချင်ပါတယ်..မောင်ရယ်..ကျောင်းမှာလည်းအလုပ်နည်းနည်းရှုပ်နေလို့.."
"အနိုင်ကျင့်ခံရပြန်တာလား..မြင့်.."
"ဒီလိုပါဘဲ..ကျွန်မကျူ ရှင်ချိန်လည်းအလုခံရတယ်.."
"မြင့်ပြန်ပြောလေ.."
"ထားလိုက်ပါ..မောင်ရယ်.."

က့ံကော်လေတစ်ခါတစ်လေသူမကိုအရမ်းစိတ်ဆိုးမိသည်သူများအနိုင်ကျင့်ပြီးအလုပ်တွေခိုင်းလည်းလုပ်ပေးတယ်သူမကျူ ရှင်ချိန်တွေလုပြီးသင်လည်းဘာမှမပြောဘူးတစ်ခါတစ်လေကျောင်းသားတွေကကျူ ရှင်လခမပေးသလိုမလေးမစားလည်းလုပ်ကြသည်..သူမကအတာမဟုတ်ဘဲအရမ်းအနေအေးလွန်းနေတာ..အ့ဲဒါကြောင့်သူမအစားဒီလူကစိတ်တိုရသည်..

မြင့်Where stories live. Discover now