Part-7(Unicode)

677 65 0
                                    

ဒီနေ့ကကျောင်းပိတ်ရက်မို့ကျွန်မအိမ်မှာနေပြီးစာအုပ်ဖတ်နေလိုက်သည်ကျွန်မကအပြင်တွေသွားရတာသိပ်မကြိုက်တက်တ့ဲသူမို့အိမ်မှာနေတာများသည်..နေဝန်းအားတ့ဲရက်တွေနဲ့ကျောင်းပိတ်ရက်ဆုံမှသာအပြင်ထွက်ဖြစ်သည်..

ဒေါက်..ဒေါက်..

"သမီးမြင့်မိုရ်.."
"ရှင့်..မေမေ"

မေမေ့ခေါ်သံကြားတာမို့ကုတင်ပေါ်ကဆင်းကာတံခါးသွားဖွင့်ပေးလိုက်သည်..

"မေမေဘာဖြစ်လို့လဲ.."
"နေဝန်းရောက်နေတယ်..အောက်ဆင်းလာပါဦး.."
"ဟုတ်က့ဲ..မေမေ"

မေမေနဲ့အတူတူအောက်ထပ်ကိုလိုက်ဆင်းလာသည်..

"မေ.."
"နေဝန်းဘာလာလုပ်တာလဲ.."
"လာလို့မရဘူးလား..မေရယ်.."
"မဟုတ်ပါဘူးကွယ်..ငါကမေးကြည့်တာပါ.."
"နင်အားလား.."
"အားတယ်လေ..ဘာဖြစ်လို့လဲ.."
"oceanသွားကြမလား.."
"အင်း..သွားရင်သွားလေ..ခဏစောင့်ဦး.."
"အင်း.."

ကျွန်မအပေါ်ပြန်တက်လာကာအကျႌလာလဲလိုက်သည်..ချည်ထမီအမဲရောင်နဲ့အနီရောင်ရင်ဖုံးခါးတိုကိုလဲဝတ်လိုက်ပြီးဆံပင်အနောက်ဘက်အကောက်လေးတွေကိုတော့ဖြန့်ထားကာအလယ်ကွဲခွဲပြီးဘေးနားကအလိမ်လေးလုပ်ကာအနောက်ဘက်မှာကလစ်နဲ့ထိန်းထားလိုက်သည်အရှေ့ဆံပင်စနှစ်ကြောင်းကိုလည်းချထားလိုက်သည်..မျက်နှာပြင်ကိုတော့မိတ်ကပ်ပါးပါးလေးပုတ်ပြီးနှုတ်ခမ်းသားတွေကိုအနီပြေပြေလေးခြယ်လိုက်ကာကိုယ်ပေါ်မှာလည်းရေမွှေးနံံ့နည်းနည်းပြေးလွှားနေစေလိုက်သည်..ပြင်ဆင်ပြီးလို့အဆင်ပြေတာနဲ့အောက်ထပ်ကိုဆင်းလာခ့ဲလိုက်သည်..

"မေ..လှလိုက်တာ.."
"ငါလှတာငါသိပါတယ်နော်..သွားရအောင်.."
"အင်း..သွားကြမယ်.."
"မေမေ..သမီးတို့သွားပြီနော်.."
"အင်း..ကောင်းကောင်းသွားကြ.."
"ဟုတ်က့ဲ.."

အိမ်ရှေ့ကကားဆီလာလိုက်တော့နေဝန်းကကားတံခါးဖွင့်ပေးသည်မို့်အလိုက်တသိလေးတက်လိုက်သည်..ပြီးတာနဲ့oceanဘက်ကိုထွက်လာလိုက်သည်..

"က့ံကော်ရေ.."
"ငါဒီမှာနှင်း.."
"နင်ဘာလုပ်နေတာလဲ.."
"ထိုင်နေတာလေ.."
"မပျင်းဘူးလား.."
"ပျင်းတယ်.."
"ဒီနေ့ကျောင်းပိတ်တာဆိုတော့oceanသွားကြမလား.."
"သွားမယ်လေ..ငါအကျႌလဲဦးမယ်.."
"မလဲနေနဲ့တော့..ဒါလည်းအဆင်ပြေတယ်.."

မြင့်Where stories live. Discover now