Part-6(Unicode)

717 70 2
                                    

ဒီနေ့ကျောင်းချိန်ကညနေဘက်မှဆိုတော့တီချယ်နဲ့ကညနေမှတွေ့ရပေမည်ဒါပေမ့ဲတီချယ့်ခေါင်းမှာပန်တ့ဲပန်းကတစ်ခြားသူပေးတာမဖြစ်စေချင်တာမို့ပန်းသွားပို့ဖို့ဆုံးဖြတ်ထားသည်..မနက်နိုးရင်လည်းတီချယ့်ကိုစာပို့ဖြစ်သည်တီချယ်ဘက်ကစာမပြန်ပေမ့ဲလည်းကိုယ်ကသဘောကျရတ့ဲသူမို့အမြဲပို့ဖြစ်သည်ဘယ်သွားသွားဘာလုပ်လုပ်စာပို့တယ်သတိရရင်လည်းစာပို့တယ်စာပြန်လာခြင်းမရှိတ့ဲဖုန်းနံပါတ်တစ်ခုကိုတော့အရူးတစ်ယောက်လိုစာအမြဲပို့ဖြစ်သည်..

"သမီးရေ..မနက်စာစားမယ်...
"ဟုတ်က့ဲ..အမေ.."

အမေကမနက်စာစားဖို့ခေါ်သည်မို့တီချယ့်ဆီသွားဖို့ကိုပါအဝတ်အစားတစ်ခါထဲလဲပြီးဆိုင်ကယ်သော့ယူကာအောက်ဆင်းလာလိုက်သည်..

"အမေ.."
"သမီးကျောင်းသွားရဖို့လား.."
"မဟုတ်ဘူး..အမေ..သမီးတီချယ့်ကိုပန်းသွားပို့မလို့.."
"အမေ့သမီးကအရမ်းကြိုးစားနေတာဘဲ..အဆင်ပြေရဲ့လား.."
"ဒီလိုပါဘဲ..အမေ"
"အင်း..မနက်စာစားလိုက်.."

အမေပြင်ပေးထားတ့ဲမနက်စာကိုခပ်သွက်သွက်လေးစားကာဆိုင်ကယ်ထုတ်ပြီးကျောင်းဆီလာလိုက်သည်..လမ်းထိပ်မှာလည်းတီချယ့်အဖို့နှင်းဆီပန်းလေးဝယ်လိုက်သည်..ကျောင်းရဲ့ဌာနအဆောင်ရောက်တော့တီချယ်ရှိတ့ဲအခန်းဆီတက်သွားလိုက်သည်အခန်းရှေ့ရောက်လို့ချောင်းကြည့်လိုက်တော့တီချယ်တစ်ယောက်တည်းရှိနေတာမို့ဝင်သွားလိုက်သည်..

"တီချယ်မြင့်.."

ခေါ်သံကြားလို့ကြည့်လိုက်တော့ဟိုတစ်ယောက်ဖြစ်နေပြီးလက်ထဲမှာလည်းနှင်းဆီပန်းကိုင်ထားသည်..

"သမီးဘာလာလုပ်တာလဲ.."
"တီချယ့်ကိုပန်းလာပို့တာ..သမီးပေးတ့ဲပန်းကိုပန်ပေးလို့ရမလား.."
"အင်း.."

တီချယ့်ကိုပန်းကမ်းပေးတော့တီချယ်ကအရိုးအတိုလေးချိုးကာဆံထုံးမှာပန်ပေးသည်တီချယ်ပန်တာကပန်လို့မရနေတာမို့အနားသွားကာ..

"သမီးပန်ပေးမယ်..တီချယ်မြင့်"
"အင်း.."

ပန်းကိုဆံထုံးမှာသေချာလေးထိုးကာကလစ်လေးနဲ့ထိန်းထားပေးလိုက်သည်..

မြင့်Onde histórias criam vida. Descubra agora