Part-19(Unicode)

969 75 31
                                    

ညကသူမထွက်သွားပြီးတော့ရန်ကုန်ကအမေပြန်ရောက်တာနဲ့သူမအကြောင်းကိုမေးလာသည်မို့အမှန်အတိုင်းအားလုံးပြောပြတော့အမေကက့ံကော်ကိုနှစ်သိမ့်ပေးတယ်သူမကိုမမုန်းဖို့လည်းပြောသည်အမေပြောတာကအချစ်ကြီးလို့အမြတ်ကြီးတာနားလည်ပါတယ်တ့ဲ..သူမကိုချစ်လို့တွဲခ့ဲတာမဟုတ်လားဘာလို့မုန်းမှာလဲတ့ဲ..သူမမှာလည်းအခုလိုလုပ်ရတ့ဲအကြောင်းအရင်းတစ်ခုတော့ရှိပါလိမ့်မယ်တ့ဲ..အမေကတော့သမီးကိုသူမအရမ်းချစ်တယ်ဆိုတာသူမမျက်ဝန်းတွေကိုကြည့်ရင်သိနိုင်ပါတယ်တ့ဲလေ..အမေကတောင်မြင့်အရမ်းချစ်မှန်းသိတယ်တ့ဲ..မောင်ပြောခ့ဲတာတွေအတွက်နောင်တမရနေချင်ဘူး..မြင့်ရယ်..

"သမီးက့ံကော်..ဘာရပ်လုပ်နေတာလဲ.."
"ဘာမှမဟုတ်ပါဘူး..ဒါနဲ့အမေမနက်စာပြင်နေတာလား.."
"ဟုတ်တယ်လေ.."
"သမီးဝိုင်းလုပ်ပေးမယ်.."

ဒီနေ့ကျမှထူးထူးဆန်းဆန်းက့ံကော်အစောကြီးနိုးနေသည်..စိတ်ထဲမှာလည်းလေးလံမှုတစ်ခုကိုခံစားနေရသည်..

"ကော်ဖီရပြီ.."
"ဟုတ်က့ဲ.."
"က့ံကော်ရေ.."

အမေနဲ့မနက်စာဝိုင်းပြင်ကာကော်ဖီခွက်ယူနေချိန်အလောတကြီးနဲ့ပြေးဝင်လာတ့ဲနှင်းနဲ့တိုးလွင်..

"ဟ့ဲ..ဘာဖြစ်လာကြတာတုန်း.."
"ငါတို့နင့်ကိုပြောစရာရှိလို့.."
"ပြောလေ.."
"နင်စိတ်ခိုင်ခိုင်ထားနော်.."
"ဘာကိစ္စမို့လဲ..နင်တို့ပုံကြည့်ရတာလဲတစ်မျိုးဘဲ.."

က့ံကော်ကကော်ဖီခွက်ကိုင်ထားရင်းနှင်းကိုပြောလိုက်တော့နှင်းကတိုးလွင်ကိုတစ်ချက်လှည့်ကြည့်ပြီးက့ံကော်ဘက်ပြန်လှည့်လာသည်..

"ဘာကိစ္စလဲ..ပြောလေ..နင်တို့မျက်နှာလည်းမကောင်းပါလား.."
"တီချယ်ဒေါ်မြင့်မိုရ်မေ..ဆုံးသွားပြီ.."

ခွမ်..

နှင်းပြောတ့ဲစကားကိုကြားတော့ကော်ဖီခွက်လေးကလက်ထဲကလွတ်ကျ သွားတော့သည်..

"မနောက်ပါနဲ့..နင်တို့ကိုဘယ်သူပြောလဲ.."
"သူ့မိသားစုတွေကိုယ်တိုင်လိုင်းမှာတင်ထားတာ.."

စားပွဲပေါ်ကဖုန်းကိုယူကာလိုင်းတက်ပြီးကြည့်လိုက်တော့သူမမိသားစုတွေကသူမအတွက်ဝမ်းနည်းကြေကွဲနေတ့ဲစာတွေကအများကြီး..ဖုန်းကိုင်ထားတ့ဲလက်တွေကတုန်လာပြီးမျက်ရည်တွေကမသိလိုက်ခင်လေးမှာကျဆင်းလာကာရင်ဘတ်ထဲကအောင့်သက်သက်နဲ့..

မြင့်Nơi câu chuyện tồn tại. Hãy khám phá bây giờ