Part-17(Unicode)

796 67 11
                                    

မေမေဆေးရုံကဆင်းတာနဲ့မင်္ဂလာကိစ္စကိုအမြန်စီစဉ်တာမို့မေမေ့ကောင်းမှုနဲ့ဖြစ်လာတ့ဲမောင်နဲ့မဟုတ်ဘဲတစ်ခြားတစ်ယောက်နဲ့ကျွန်မရဲ့မင်္ဂလာပွဲလေး..မြန်ဆန်လွန်တ့ဲအဖြစ်အပျက်တွေကြောင့်ကျွန်မမှာမောင်ဖုန်းခေါ်တာတောင်ဘာပြောရမှန်းမသိတာမို့ဖုန်းစက်ပိတ်ထားရသည်..ရင်နာရတယ်..မောင်ရယ်..ကျွန်မအသက်ရှင်လာရတ့ဲ၃၅နှစ်မှာမောင်နဲ့တွေ့ဆုံဖို့ကို၁၄နှစ်လောက်ကျွန်မစောင့်ခ့ဲရတယ်..နှစ်အများကြီးစောင့်ပြီးလို့တွေ့ဆုံခ့ဲပြီးနှစ်လမှာကျွန်မတို့ခွဲရပြန်ပြီ..ကျွန်မမောင့်ကိုတကယ်ချစ်ခ့ဲပါတယ်..မပေါင်းဖက်ရမှန်းကြိုသိခ့ဲတာတောင်ချစ်ခ့ဲမိတာပါ..တောင်းပန်ပါတယ်..တစ်ခြားတစ်ယောက်နဲ့လက်ထပ်သွားရင်တောင်ကျွန်မကိုမမုန်းဘဲချစ်နေပေးပါလား..မောင်..ကျွန်မကလေမောင်နဲ့ပတ်သက်ရင်အရမ်းအတ္တကြီးတာ..

ပါးပြင်ပေါ်ကျလာတ့ဲမျက်ရည်တွေကိုသုတ်ပြီးမိတ်ကပ်နည်းနည်းသုံးကာဖုံးလိုက်သည်နှုတ်ခမ်းတွေကိုလည်းအနီပြေပြေလေးဆိုးလိုက်ကာပြင်ဆင်ပြီးတော့အောက်ထပ်ကိုဆင်းလာလိုက်သည်..

"သမီး..ဘာတွေလုပ်နေတာလဲမောင်နေဝန်းစောင့်နေတာကြာပြီကွယ်.."
"သမီးနည်းနည်းပြင်ဆင်နေလို့ပါ..မေမေ"
"အင်းအင်း..သွားကြတော့.."
"ဟုတ်က့ဲ..သွားပြီနော်.."

မေမေတို့ကိုနှုတ်ဆက်ပြီးနေဝန်းနဲ့မင်္ဂလာဝတ်စုံရွေးဖို့ထွက်လာလိုက်သည်..

"မေ..အဆင်ပြေရဲ့လား.."
"အင်း.."
"နင်မင်္ဂလာဝတ်စုံဘယ်လိုပုံစံလေးလိုချင်လဲ.."
"ဟိုရောက်ရင်ကြည့်ကြည့်မယ်လေ.."
"အင်း.."

နေဝန်းရဲ့စကားတွေကိုပြန်ဖြေပေးနေမိပေမ့ဲစိတ်မပါပေ..ဖြစ်နိုင်ရင်မောင့်ဆီပြေးသွားပြီးမွန်းကြပ်နေတာတွေရင်ဖွင့်ရင်းမောင့်ရင်ခွင်လေးထဲဝင်နေချင်မိသည်..ဒါပေမ့ဲမဖြစ်နိုင်တော့မှန်းလိုက်ရတော့စိတ်မကောင်းဖြစ်ရပြန်သည်..

"မေ.."
"ဟင်.."
"နင်ပြောတာဒီဆိုင်မဟုတ်လား.."
"အင်း.."

ကားပေါ်ကဆင်းကာဆိုင်ထဲဝင်လာလိုက်တော့အရင်တစ်ခါကမောင်နဲ့လာတာလေးတွေးမိတော့ရင်ထဲမွန်းကြပ်မိသည်..

မြင့်Nơi câu chuyện tồn tại. Hãy khám phá bây giờ