Part-2(Unicode)

945 74 2
                                    

ဒီနေ့ကကော်ကော်တို့ကျောင်းတက်ရမ့ဲနေ့မို့နှင်းလာအခေါ်ကိုအိမ်ရှေ့ထွက်ထိုင်ကာစောင့်နေလိုက်သည်..ကျောင်းကဖွင့်တာတစ်ပတ်ရှိပြီဆိုပေမ့ဲစာမသင်ဖြစ်တာများတာမို့ခုမှသာစတက်ဖြစ်ကြသည်..ကော်ကော်အ့ဲတစ်ပတ်နားနေချိန်လည်းoceanကိုခဏခဏသွားခ့ဲပေမ့ဲဟိုအမျိုးသမီးနဲ့ထပ်မဆုံခ့ဲပါ..တွေ့ဆုံဖို့ကံကုန်သွားပြီထင်ပါရဲ့..ဟူး..

"ကော်ကော်ရေ.."
"အေ..လာပြီ.."
"နင့်မျက်နှာကဘာဖြစ်နေတာ..မသာမယာနဲ့.."
"ဟိုအမျိုးသမီးအကြောင်းတွေးမိလို့လေ.."

နှင်းကသက်ပြင်းတစ်ချက်ချလိုက်ပြီးလူကိုသေချာကြည့်လာကာ..

"နင့်ကိုခုလိုမြင်ရတာစိတ်မသက်သာလိုက်တာနော်.."
"ထားလိုက်ပါ..သွားမယ်..တက်"

ကော်ကော်လည်းနှင်းကိုဆိုင်ကယ်ပေါ်တင်ကာကျောင်းဆီထွက်လာခ့ဲလိုက်သည်..ကျောင်းနဲ့အိမ်ကဆိုင်ကယ်၅မိနစ်မောင်းရင်ရောက်သည်မို့အဆောင်မနေဘဲအိမ်ကနေသာကျောင်းတက်ဖြစ်သည်..

"နှင်း.."

ကျောင်းရဲ့ဆိုင်ကယ်ထားရာနေရာရောက်တော့တိုးလွင်ကရောက်နှင့်နေသည်..

"ရောက်တာကြာပြီလား..ကို"
"မကြာသေးပါဘူး..ဒါနဲ့က့ံကော်ကဘာဖြစ်နေတာလဲ..မျက်နှာကမလန်းမဆန်းနဲ့.."
"ငါဘာမှမဖြစ်ပါဘူး..တိုးလွင်ရယ်..လာအတန်းထဲသွားကြမယ်.."
"အင်း..သွားမယ်.."

သူတို့နှစ်ယောက်ထက်အရင်အရှေ့ကလျှောက်ကာအခန်းထဲဝင်လာလိုက်သည်..တိုးလွင်ရယ်နှင်းရယ်ကော်ကော်ရယ်ကတက္ကသိုလ်ရောက်မှဆုံရင်းကနေသူငယ်ချင်းဖြစ်ကြတယ်ဆိုပေမ့ဲတိုးလွင်ကလည်းကော်ကော်ရဲ့အကောင်းဆုံးသူငယ်ချင်းပါဘဲ..ကော်ကော်အပေါ်ဆိုနှင်းလိုဘဲအရာအားလုံးအပြည့်အဝနားလည်ပေးသည်..ဒါကြောင့်ကော်ကော်နည်းနည်းတော့သူများတွေထက်ပိုပြီးစိတ်သက်သာရာရသည်..

"ကော်ကော်.."
"ဟေး.."
"နင်ကလည်းအ့ဲလိုကြီးမနေနဲ့လေ.."
"ဒါဆိုငါကဘယ်လိုနေရမှာ.."
"နင်အရင်ကဆိုတက်ကြွနေတာဘဲ.."
"ငါဘာမှမဖြစ်ပါဘူးဆိုမှ..နင်တို့နှစ်ယောက်သာအေးဆေးနေကြပါ.."
"အ့ဲလိုမပြောပါနဲ့..ငါတို့သုံးယောက်ကသူငယ်ချင်းဘဲလေ..ရင်ဖွင့်စရာရှိတာရင်ဖွင့်ပါဟာ.."
"အေးပါ..ငါအခုဘာမှမဖြစ်ဘူး.."
"အင်းပါ.."

မြင့်Tempat cerita menjadi hidup. Temukan sekarang