Part-12(Unicode)

723 67 6
                                    

ဘာလိုလိုနဲ့မောင်တို့စာမေးပွဲဖြေမ့ဲနောက်ဆုံးရက်ကိုရောက်လာခ့ဲသည်..တွဲလာတ့ဲတစ်လျှောက်မှာလည်းမောင်ကကျွန်မစကားကိုနားထောင်သလိုကျွန်မကလည်းမောင့်စကားကိုနားထောင်တယ်မောင်ကကျွန်မအပေါ်အများကြီးနားလည်ပေးတယ်ချစ်ပေးတယ်ရန်ဖြစ်တာလည်းသိပ်မရှိဘူးဘာလို့ဆိုမောင်ကဘဲအမြဲအလျှော့ပေးတာကြောင့်ဖြစ်သည်ကျွန်မနဲ့မောင်ကအသက်အများကြီးကွာပေမ့ဲမောင်ကရင့်ကျက်ပေးတယ်ကျွန်မကလည်းမောင်နဲ့တွေ့မှကလေးဆန်လာသည်..မောင်နဲ့တွေ့ရတာကျွန်မကံကောင်းတယ်မောင်ကိုအများကြီးချစ်မိတော့မောင့်အကြောင်းတွေးနေရတာကိုသဘောတွေ့လာရသည်..ဒါပေမ့ဲ​ေမာင့်အကြောင်းတွေးနေတာလေးကိုရပ်ပြီးပြင်ဆင်ကာအောက်ထပ်ကိုဆင်းလာခ့ဲသည်..

"မေမေ..သမီးကျောင်းသွားတော့မယ်.."
"ခဏလေး..ထိုင်ပါဦး.."
"​ပြောစရာရှိလို့လား..မေမေ"
"အင်း..ထိုင်.."

ကျွန်မလည်းမေမေ့နားမှာဝင်ထိုင်လိုက်တော့မေမေကကျွန်မနဲ့မျက်နှာချင်းဆိုင်ဘက်လှည့်လာကာ..

"သမီးလက်ထပ်ဖို့ကိစ္စမတွေးသေးဘူးလားကွယ်.."

မေမေ့စကားကြားတော့မောင့်ကိုသာအရင်အတွေးရောက်မိသည်မောင်သာခုကိစ္စတွေသိရင်မုန်းသွားလေမလားဘဲ..

"သမီးမြင့်မိုရ်.."
"ရှင့်..မေမေ"
"မေမေပြောတာကြားရဲ့လား.."
"ဟုတ်က့ဲ..ဒါပေမ့ဲသမီးလက်မထပ်ချင်သေးဘူး..မေမေ"
"သမီးအသက်အရွယ်ကလက်ထပ်လို့သင့်နေပြီ..သမီးနဲ့အရွယ်တူတွေဆိုကလေးတွေနဲ့တောင်ဖြစ်ကုန်ပြီလေ.."
"ဒါပေမ့ဲ.."
"သမီးမေမေတို့ကိုအချိန်တစ်ခုတော့ပေးသင့်ပြီထင်တယ်.."
"ဟုတ်တယ်..သမီးလေးရယ်.."

မေမေနဲ့ကျွန်မကြားကစကားဝိုင်းထဲကိုဖေဖေကပါဝင်ပြောလာသည်..

"မောင်နေဝန်းကသမီးကိုသဘောကျလာတာလည်းကြာပြီ..သမီးတို့ချင်းကလည်းသူငယ်ချင်းတွေလေ..စေ့စပ်ထားတာလည်းကြာပြီဆိုတော့ဖေဖေတော့လက်ထပ်သင့်ပြီထင်တယ်.."
"သမီးသိပါတယ်..ဖေဖေရယ်..ခုချိိန်မှာသမီးအ့ဲကိစ္စတွေကြောင့်ဖိအားပေးခံနေရတာမျိုးမလိုချင်ဘူး.."
"မလိုချင်လို့မရဘူး..မြင့်မိုရ်မေ..ညဉ်းလက်ထပ်ဖို့ကိုဘာလို့ငြင်းဆန်နေရတာလဲပြောပါဦး.."

မြင့်Where stories live. Discover now