1❗

24.6K 637 20
                                    

Unicode

^ Mature contact ^

" ကျုပ်ကိုဆရာလုပ်ချင်ရင် ကျုပ်လုပ်တာ ခင်ဗျားငြိမ်ခံလိုက်လေ "

" ရှောင်းကျန့် "

" ဘာလဲဗျာ ကျုပ်နမည်ကိုခင်ဗျားကိုခေါ်ခွင့်ပေးထားလို့လား ဟမ်! ခင်ဗျားအဆင့်ခင်ဗျားသိ"

* ဖြောင်း *

တစ်ဖတ်သတ်ဆန်လွန်းသည့်စကားများကြောင့် ဒေါသဖြင့် ဇွတ်ရုန်းလိုက်ရာက မတော်တဆပါးအားရိုက်မိသွားသည်မို့ ရိပေါ်ပိုလန့်လာရသည်။ရှောင်းကျန့်ဟာ သူ့အသားနာစေလျှင် ထိုလူကိုဘယ်လိုလုပ်တတ်သည်ဆိုတာ ရှောင်းကျန့်၏ကိုယ်ရံတော်ဖြစ်ဘူးသည့် သူအသိဆုံးပင်ဖြစ်သည်။

" ကျုပ်ပါးကိုကျုပ်မိဘတောင်မထိရဲတာ ခင်ဗျားကရိုက်တယ်ပေါ့ ဟုတ်လား "

" ဟင့်အင်း ဖယ် လွတ်စမ်း ရှောင်းကျန့် "

" မလွတ်တော့ခင်ဗျားဘာဖြစ်ချင်လဲ "

အတင်းရုန်းကန်နေသည့်ကိုယ်လေးအား အင်အားကြီးစွာဖြင့် ဖိကပ်ချုပ်ထား၍ အတင်းနမ်းရှိုက်နေသည်။မတွန်းလှန်နိုင်သည်မို့ ရိပေါ်မျက်ရည်များကျနေရန်သာတတ်နိုင်တော့သည်။

" ဖယ် ဖယ်ပေးပါ "

" ကျုပ် ခင်ဗျားကိုမုန်းတယ် "

" မုန်းတယ် မုန်းတယ်ဆိုပြီးမင်းဘာလို့အခုလိုတေလုပ်နေရတာလဲ? "

" လုပ်ချင်လို့လေ "

" ဖယ်လို့!"

ရိပေါ်ဘယ်လိုရုန်းရုန်းရုန်းမရသည်မို့ လုပ်ချင်ရာလုပ်ပါစေဟူ၍ သူ့စိတ်အားတင်းကာ ရုန်းနေသည်များကို ငြိမ်ချလိုက်တော့သည်။သူငြိမ်သွား၍ အတင်းအကြပ်လုပ်နေသည့်ရှောင်းကျန့်မှာ မျက်ခုံးအစုံအားစုကျုံ့လျက် လုပ်နေသည့်အရာများအားရပ်တန့်လိုက်သည်။

" ငါမင်းကိုအမှားတစ်ခုတောင်မလုပ်ခဲ့ဘူးရှောင်းကျန့် "

" ခင်ဗျားကျုပ်ကို လက်ထက်ယူထားတာမဟုတ်ဘူးလား ကျုပ်ဘာလုပ်လုပ်ငြိမ်ခံနေလိုက်လေ ဘာအထွန့်တက်နေတာလဲ "

" ငါ "

" ဘာလဲအဖေလက်ထက်ခိုင်းတာကိုပြောအုံးမလို့လား ခင်ဗျားတို့သားအမိက ကျုပ်တို့သားအဖကိုအပိုင်ကြံနေမှန်းသိခဲ့ရင် ကျုပ်ကိုယ်ရံတော်အဖြစ်ခင်ဗျားကိုခန့်မှာမဟုတ်ဘူး "

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now