10.

7.8K 371 51
                                    

Uni

" ကျစ်! ဆန်ပြုတ်ခွက်မေ့လာတယ် မင်းမမလဥပဲ "

" မောင် "

ရှောင်းကျန့်တစ်ယောက် ပြာပြာသလဲတက်လာသည်မို့ ဆန်ပြုတ်ခွက်အားမေ့ကျန်နေခဲ့သည်။ပြန်လှည့်ယူရန်ပြင်သော်လည်း မောင်ဟူသည့်ခေါ်သံကြောင့်ချောင်းဟမ့်ကာပြန်လှည့်လာလိုက်ပြီး ရိပေါ်နားလာထိုင်လေသည်။

" သက်သာလား ကျုပ်ညကကြမ်းမိသွားတယ် "

" ငါသက်သာပါတယ် အာ မင်းcompanyမသွားဘူးလား "

" သွားမှာ ကျုပ်ကခင်ဗျားအတွက်နဲ့အလုပ်နားမယ်ထင်နေတာလား "

" အာ အင်းပါ ဟို ငါဒီနေ့လိုက်ခဲ့ပါ့မယ် "

" အင်း လိုက်ခဲ့ ကျုပ်ဆန်ပြုတ်ယူပေးမယ် "

" ဟုတ် "

" အလွယ်တကူ ကျုပ်ကယူပေးမယ်လို့ ခင်ဗျားထင်နေလား ယူခပေး "

" ဟင် "

ရှောင်းကျန့်ဘာပြောသည်ကိုနားမလည်သည်မို့ ရှောင်းကျန့်အားကြောင်စီစီလေးဖြင့်ကြည့်လိုက်သည်နှင့် ရှောင်းကျန့်ကသူ့နှုတ်ခမ်းအားဆူပြလာသည်မို့ ရိပေါ်သဘောကျစွာဖြင့်အသံများထွက်အောင်ရယ်မိသွားသည်။ရိပေါ်ရယ်နေသည်အားငေးနေပြီး သူဘာလုပ်မိသည်ပါမေ့လျော့နေသည့်ရှောင်းကျန့်သည် သူပါအလိုလိုလိုက်ပြုံးမိသည်။

" မင်းကအဲ့လိုလေးကျချစ်စရာလေး သိလား ဟီး "

" အင်း အဲ့တာဆိုနမ်း "

" အမ် "

" နမ်းလေ ချစ်ဖို့ကောင်းနေရင်ဆုချရတယ်လေ "

" အာ အွန့် "

အာဟူသည့်အာမေဋိတ်သံလေးအဆုံးရှောင်းကျန့်ဟာ သူ၏ဆာလောင်မှုအားဖြေသိမ့်လေသည်။အပေါ်နှုတ်ခမ်းကို ဝဝလျှင်လျှင်စားသုံးပြီးသည်နှင့်အောက်နှုတ်ခမ်းအားထွေးငုံထားသည်။ငုံထားသည့်အပြင် လျှာဖြင့်လျက်လိုက်သည်မို့ ရိပေါ်မှာဆပ်ကနဲ မတ်မတ်လေးဖြစ်သွားရသည်။ပြီးသည်နှင့်နှုတ်ခမ်းတစ်ခုလုံးအားစားသုံးလေသည်။အသက်ရှုရန်လိုအပ်သည့်အချိန်မှ ရှောင်းကျန့်ဟာလွှတ်ပေးလေသည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now