15.

8.4K 361 7
                                    

Uni

5years later>>>>

" Hello ဟုတ်ကဲ့ ဝမ်ရိပေါ်ပြောနေပါတယ် "

" .... "

" ဗျာ ဟုတ် ကျွန်တော်အခုပဲလာခဲ့ပါမယ် "

" ရိပေါ်ကောဘာဖြစ်တာလဲ "

" ကျန်းချန် သားစီသွားရမယ် သားကျောင်းမှာ ကျောင်းအုပ်နဲ့ရန်ဖြစ်လို့တဲ့ "

" ဟမ် ကျောင်းသားနဲ့လား "

" ဟင့်အင်း ကျောင်းအုပ်နဲ့တဲ့ "

ရိပေါ်ဟာ အစည်းအဝေးအားလုပ်နေဆဲပင် ရပ်ပစ်လိုက်ပြီး သားဆီသို့သွားရန်လည်း လူကတုံယင်နေသည်မို့ ကျန်းချန်လိုက်ပို့ရလေတော့သည်။ကျောင်းရောက်သည်နှင့် ကျောင်းအုပ်ရုံးခန်းရှိဆိုဖာခုံအမှီပေါ်သို့တက်ထိုင်၍ ဆိုဖာလက်ရန်းတွင်ခြေထောက်တင်ကာ စမက်ကျစွာထိုင်နေသောသားဖြစ်သူကိုတွေ့သည်နှင့် ရိပေါ်သားဆီပြေးကာသွားပွေ့လိုက်သည်။

ရိပေါ်ဟာ အစည်းအဝေးအားလုပ်နေဆဲပင် ရပ်ပစ်လိုက်ပြီး သားဆီသို့သွားရန်လည်း လူကတုံယင်နေသည်မို့ ကျန်းချန်လိုက်ပို့ရလေတော့သည်။ကျောင်းရောက်သည်နှင့် ကျောင်းအုပ်ရုံးခန်းရှိဆိုဖာခုံအမှီပေါ်သို့တက်ထိုင်၍ ဆိုဖာလက်ရန်းတွင်ခြေထောက်တင်ကာ စမက်ကျစွာထိုင်နေသောသားဖြစ်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

{ Pinterestကယူလာတဲ့ပုံကို မျက်နှာပိုင်းဖြတ်ထားတာမို့ မူရင်းကိုအပြည့်အဝcrdပေးပါတယ်ဗျ }

ဆယ်နှစ်သားအရွယ်ဖြစ်နေသည့်အပြင် ထွားပြီးကြည့်ကောင်းလွန်းသည့်သားသည် ကျောင်းတွင်ရေပန်းအစားဆုံးကလေးတစ်ယောက်ဖြစ်သည့်အပြင် ကျောင်း၏အဆိုးဆုံးစာရင်းဝင်လည်းဖြစ်သည်။မဆူရက်သည်မို့ အလိုလိုက်ထားသည့်သားလေးသည် အလွန်ဆိုးလွန်းသော်လည်း ရိပေါ်ချစ်သည့်လူသား၏ကိုယ်ပွားလေးမို့ သိပ်ချစ်ရပါသည်။ချစ်လွန်း၍ အလိုလိုက်ထားသောသားလေးသည် တစ်နေ့ရန်တစ်ခါတော့အမြဲဖြစ်တတ်သည်။သားဖြစ်သူရန်ဖြစ်တိုင်း တုန်တုန်ယင်ယင်ဖြစ်နေတတ်သည့် ရိပေါ်သည် သားလေးတစ်ခုခုထိခိုက်မှာအရမ်းကြောက်လွန်း၍ဖြစ်သည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now