Extra-3 End

6.3K 227 17
                                    

Uni

ရှောင်းကျန့်တို့ယခုရောက်နေသည့်အိမ်မှာ Donတို့၏အိမ်ဖြစ်သည်။ညသန်းခေါင်ဖုန်းဆက်ကာ " သားသူ့ကို တာဝန်ယူရမယ် " ဟူသည့် မက်ဆေ့ရှ်ကြောင့် ညတွင်းချင်း private jet စီစဉ်ကာ တရုတ်ပြည်သို့ပြန်လာရသည်။

" ကျုပ်တို့က ရိလင်ရဲ့တာဝန်ရှိသူတေပါ ရိလင်က ခင်ဗျားသားကို ဖင်ချလိုက်တယ်ထင်တယ် "

" ဟယ် "

" မောင် ပါးစပ်ပိတ်ထားနော် လူကြီးကိုအဲ့လိုမပြောဖို့ ငါမောင့်ကိုမှာထားတယ်လေ "

" ကိုကိုကလည်းဗျာ "

" ငြိမ်ငြိမ်နေ မောင် "

" အင်း နေမယ် "

Don၏မိခင်ဖြစ်သူသည် ရယ်ချင်စိတ်အားမနည်းထိန်းနေရသည်။သိပ်ကိုလိုက်ဖက်ညီသည့်အတွဲဆိုတာကိုတော့ သူမအတတ်ပြောနိုင်ပါသည်။

" အန်တီက ဒွန်းလေးရဲ့မိခင်ပါ ဒါပေမဲ့ တကယ်ပဲ ဒွန်းလေးနဲ့ ရိလင်လေးက "

" ကျုပ်သားက အဲ့ကောင်ငယ်လေးကြောင့် Usကဒီပြန်လာတာ ကျုပ်သားနဲ့သဘောတူမယ်ဆို တင့်တောင်းတင့်တည်ထားနိုင်ဖို့ ကျုပ်တို့ဘက်ကအာမခံပါတယ် "

" မောင် နင်အသံထပ်ထွက်လာကြည့်နော် "

" ဟာ ကိုကိုရာ ကျုပ်ရင်ဘက်ကို ဓားနဲ့မွှန်းနေတယ့်အမိန့်သံတေနဲ့ အမိန့်မပေးနဲ့ ချိုချိုသာသာပြော မဟုတ်ရင် နားမထောင်ဘူး "

" အေး ညနင်ငါ့အခန်းထဲဝင်လာကြည့် "

" စတာ စတာပါဆို ကိုကိုရာ မောင်အပြင်ကစောင့်မယ်နော် ကိုကို "

" ရပါတယ်ကွဲ သားအပြင်မသွားလည်းရပါတယ် "

" အယ် ဒယ်ဒီ ပါး လာ‌ပြီလား "

ဒွန်းလေး၏မိခင်သည် ပြုံးကာပြောနေဆဲအချိန် အိမ်အပေါ်ထပ်မှဆင်လာသော သူ၏သားရိလင်ကြောင့် ရိပေါ်မျက်လုံးပြူးသွားရသည်။

ဒီကောင်လေး သူများအိမ်ပေါ်ထိတက်ပြီးတော့ အဲ့လိုကြီးတကယ်လုပ်လိုက်တာလား....

အမလေး ဘုရား ဘုရား ငါ့နှယ့်လဲ ဘယ်လိုသားနဲ့ဘယ်လိုဖအေကိုရထားရတာလဲ ဟယ်....

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now