Present For My Panda ♡.

3.3K 154 19
                                    

Unicode...

{ လက်ဆောင်ပေးတာမို့ အခန်းငယ်လေးတွေပါဗျ #ခြားထားတာ မတူညီလို့ပါ }

" အချစ်ကဘာနဲ့စတယ်ထင်လဲ ဒယ်ဒီ "

" ကိုကိုနဲ့စတယ် "

" သားကတော့ငယ်နဲ့စတာ "

အိမ်ကိုခနအလည်လာသည့် သားဖြစ်သူသည် ဖခင်နှင့်အပြိုင် စကားနိုင်လုနေလေသည်။မီးဖိုချောင်ထဲတွင်တော့ ရှောင်းကျန့်၏ချစ်သော ကိုကိုနှင့် ရိလင်၏ချစ်သော ငယ်ပင်။

" ရှောင်းကျန့်ရေ လာဦး "

" မောင်လို့မခေါ်ရင် မလာနိုင်ဘူး "

" ရိလင်ရေ ခန "

" မရဘူးနော် ကိုကိုလို့မှမခေါ်ရင်လာမခိုင်းနဲ့ "

သားဖနှစ်ယောက် အတိုင်အဖောက် သိပ်ညီလှပါသည်။ စိတ်မရှည်တတ်သူပီပီ မီးဖိုချောင်မှ ဗန်းကိုင်လျက် ရိပေါ်ထွက်လာလေသည်။ ရှောင်းကျန့် ခေါင်းကြိမ်းသွားရ၏။ ရိလင်သည်လည်း နည်းတူစွာပင်။ ရိပေါ် လင်ဗန်းနှင့် ဆော်တော့မည်ကို သိနေသည်မို့ ဆိုဖာမှ ထကာ သားအဖနှစ်ယောက် ဆိုဖာနောက်ရောက်သွားလေသည်။

ဒွန်းလေးသည် ရိပေါ်အား နောက်မှဆွဲကာတားနေလေသည်။

" ပါးပါး စိတ်လျှော့ပါ ဒွန်းလုပ်ပေးပါ့မယ် "

" သားငယ်က ဟိုးအစောကြီးထဲက ပါးပါးကို ကူနေတာလေ ဒင်းတို့နှစ်ကောင်ကိုက အလိုက်မသိလို့ "

" ကိုကို လွန်မယ်နော် လင်ဗန်းကြီးအရင်ချပြီးမှ သေချာဆွေးနွေးကြမယ် "

" ဟုတ်တယ် ဒယ်ဒီမှန်တယ် ပါး လင်ဗန်းကြီး အောက်ချလိုက်ဗျာ "

ဆိုဖာနောက်မှ သားအဖ‌နှစ်ယောက်ထံ လင်ဗန်းအား ဝဲချလိုက်သည့် ရိပေါ်သည် မြန်သော်လည်း သားအဖနှစ်ယောက်၏ အရှောင်ကျွမ်းမှုကြောင့် လင်ဗန်းဟာ နောက်ခန်းစီးဘက်သို့ ပြုတ်ကျသွားလေသည်။

" ကြက်သွန်လှီးဖို့ပြင် ရှောင်းကျန့် ရိလင် သား မင်းက အခုဆို ဒွန်းလေးရဲ့ အုပ်ထိန်းသူနေရာနော် နေရာတကာ ကလေးမဆန်နဲ့ "

" ကိုကိုဗျာ သားကို မဆူစမ်းနဲ့ "

" ရှောင်းကျန့် မင်းညကို အခန်းထဲ မအိပ်ချင်ရင် "

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now