6.

8.2K 424 46
                                    

Uni

" ဝမ်ရိပေါ် "

" ဟင် ရှောင်းကျန့်ဘာလို့လဲ "

" ကျုပ်ခေါင်းကိုက်တယ် "

" ဟင် ကိုယ်တော့မပူဘူး အရမ်းကိုက်နေတာလား ငါfamily doctorခေါ်လိုက်မယ် "

" နေအုံး "

အပြင်ထွက်မည့်ရိပေါ်၏လက်အားဆွဲချလိုက်သည်မှာ အားပါသည်မို့ ရိပေါ်ရှောင်းကျန့်၏ပေါင်လေးပေါ်သို့ထိုင်ရက်လေးဖြစ်သွားရသည်။ မနေ့ကသူနှင့်အတူအိပ်ရန် Company မှပြန်ခေါ်လာသော်လည်း သူနိုးလာတော့ ရိပေါ်သည်ရှိမနေတော့ပေ။အိပ်နေသည့်အချိန်ခိုးထွက်သွားသည့်အပြင် သူ့အားပစ်ထားခဲ့သည်မို့ အနည်းငယ်စိတ်ပူမလားဟူသည့် စိတ်ဖြင့် ကလေးခနဖြစ်ချင်မိလာသည်မို့ မကိုက်သည့်ခေါင်းအား ကိုက်စေလိုက်သည်။ချက်ချင်းနှာဖူးအားစမ်းကာပြာယာခတ်သွားသည်မို့ ကျေနပ်မိသွားသေးသည်။

ထိုင်ရက်လေးကျနေသောရိပေါ်၏ပုခုံးပေါ်တွင်ခေါင်းမှီကာ...

" မောင်လို့ခေါ် "

" ဟမ် "

" ကျစ်! ကျုပ်ခေါင်းကိုက်နေတယ် မောင်လို့ခေါ်ရင်ပျောက်သွားလိမ့်မယ် "

" ဟုတ်လို့လား "

" ကာယကံရှင်ဖြစ်တဲ့ကျုပ်ထက်ပိုသိနေတာလား ဘာလဲ ကျုပ်နဲ့နေ့တိုင်းလုပ်နေတယ်ဆိုပြီး ကျုပ်နဲ့ခင်ဗျားနှစ်ကိုယ့်တစိတ်ဖြစ်ချင်တာလား "

" မဖြစ်ချင်ပါဘူး "

" ဖြစ်ချင်တယ်လို့ပြော ! "

" ဘာ ဘာလို့ပြောရမှာလဲ မင်းနော် အနိုင်မကျင့်နဲ့ ငါအန်ကယ်နဲ့တိုင်မှာ "

" ကျုပ်ဆိုတဲ့ကောင်ဘယ်သူ့မှမကြောက်ဘူး တိုင်ချင်တိုင်လိုက် သောက်ဂရုကိုမစိုက်တာရှင်းလား "
အော်လိုက်တော့လန့်ကာခေါင်းပိုငုံ့သွားသည်မို့ ငုံ့နေသည့်ခေါင်းမှမေးဖျားလေးအားဆွဲကိုင်ကာမော့စေသည်။

" ကျုပ်ခေါင်းအရမ်းကိုက်နေပြီ ကျစ်! မျက်လုံးတွေဝါးလာသလိုပဲ မခေါ်ချင်လဲ ခင်ဗျားသွားတော့ အာ့ "

" ရှောင်းကျန့် ဟင့် အရမ်းကိုက်နေတာလား "

" ဟာ ဟိတ် ဘာလို့ငိုတာလဲ ခင်ဗျား "

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now