14.

8.6K 378 25
                                    

Uni

" ငါ "

" အင်း နားထောင်နေတယ် ဆက်ပြော "

" ငါမေမေ့ဆီလိုက်သွားမယ် "

" ဘာ! ဝမ်ရိပေါ်ပြန်ပြောစမ်း "

" မေမေနဲ့အတူတူနေမယ်လို့! "

" ကျုပ်ကိုမအော်နဲ့ ခင်ဗျားကိုကျုပ်ဘာလုပ်နေလို့ ခင်ဗျားကကျုပ်ကိုထားခဲ့ချင်နေတာလဲ ဟမ် ပြောစမ်း! "

ရှောင်းကျန့်စိတ်တိုနေသည်အားသူနားလည်ပါသည်။သို့သော် သူရှောင်းကျန့်အားအလွန်စိတ်ဆိုးနေသည်မို့ မေမေ့အားဖုန်းဆက်ကာအကြောင်းစုံပြောပြပြီး လာခေါ်ခိုင်းထားသည်။နိုင်ငံရပ်ခြားမှလာရသည်မို့ ညနေပိုင်းလောက်မှ ရောက်မည်ဖြစ်သည်။ရိပေါ်ရှောင်းကျန့်နှင့်ခနတာခွဲနေချင်မိသည်။သူရှောင်းကျန့်ကိုချစ်လားသူသိချင်မိသည်။ရှောင်းကျန့်သူ့ကိုချစ်လာဆိုတာလည်းသူသိချင်မိသည်။ခနတာတော့ ခွဲခွာပြီး ခံစားချက်အစစ်အမှန်အားရှာဖွေချင်မိသည်။

" ငါသွားမှာ "

" မရဘူး ကျုပ်ခွင့်မပြုနိုင်ဘူး ဝမ်ရိပေါ် "

" ဟင့်အင်း ငါခွင့်တောင်းတာမဟုတ်ဘူး မောင် ငါသွားမှာကိုပြောပြတာ ငါသွားချင်တယ်မောင် "

" ကျေနပ်သွားတာလား "

" ဟင် "

" ခင်ဗျားကိုပိုင်ဆိုင်မှုတေအကုန်လွှဲပေးထားတာသိလို့ ခင်ဗျားထွက်သွားဖို့ပြောလာတာလား ဟက်! "

" ... "

ရိပေါ်ဟာ အဖြေပြန်‌မပေးခဲ့ပါ။အခုထိသူ့အားမယုံကြည်သောရှောင်းကျန့်ကြောင့်ဝမ်းနည်းမိသည်မှာတော့အမှန်ပင်ဖြစ်သည်။

ရှောင်းကျန့်သည်လည်း ရိပေါ်၏မဟုတ်ဘူးဆိုသည့်အသံလေးသာကြားခဲ့လျှင်သေချာပေါက်ယုံပေးမည့်သူပင်ဖြစ်သည်။သို့သော်အဖြေပြန်မလာသည့် မြတ်နိုးရသည့်လူသားလေးကြောင့် ရှောင်းရင်တွေစုပ်ပြတ်ရလေတော့သည်။

" ကျုပ်ရှေ့ကိုပေါ်မလာနဲ့ ဝမ်ရိပေါ် ခင်ဗျားလိုချင်တဲ့စည်းစိမ်အကုန်ယူပြီး သွားတော့ဝမ်ရိပေါ် ဒီအိမ်ကိုကျုပ်ပိုင်တယ် အိမ်စရိတ်ကိုကျုပ်ပြန်ပေးမယ် ဝမ်ရိပေါ် ကုမ္ပဏီကငွေတွေလည်း ရသမျှ ခင်ဗျားဘဏ်အကောင့်ထဲရောက်စေရမယ် ကျုပ်ရှေ့ကိုသာပေါ်မလာနဲ့ ဝမ်ရိပေါ် "

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now