2.

12.3K 445 17
                                    

Unicode

" ထတော့ ခင်ဗျားအိပ်နေ‌တာ ချစ်ဖို့ကောင်းလွန်းနေတယ် ကျုပ်ဆက်မကြည့်နိုင်တော့ဘူး ကျုပ်ကောင်ကြီးကအစိုးမရဘူး "

" ဟင် "

ရိပေါ်တစ်ယောက်အိပ်နေတုန်း ရှောင်းကျန့်၏အသံဩဩကြောင့်ချက်ချင်း ငေါက်ခနဲထထိုင်မိသည်။သူတစ်ညလုံးပင်ပန်းထားသည်မို့ ထပြီးထွက်သွားမည်အပြု နာကျင်လာသောခါးကြောင့် သူ၏အိပ်ခန်းသို့သွားရန်အခက်အခဲဖြစ်လာရသည်။တကယ်ကိုသူထရန်အဆင်မပြေသည်မို့ ရှောင်းကျန့်အားအကူအညီတောင်းချင်သော်လည်း မဖြစ်ပေ။ရှောင်းကျန့်ကသူ့ကိုကူညီဖို့ဆိုတာဖြစ်ကိုမဖြစ်နိုင်သည့်အရာပေမို့ ရိပေါ်အံကိုတင်းတင်းကြိတ်ကာ ထရပ်မိသည်။မရသည်မို့ နှူတ်ခမ်းအား ကိုက်ကာ ရပ်ရန်အပြု နှုတ်ခမ်းကိုလာနမ်းသည့်ရှောင်းကျန့်ကြောင့်မျက်လုံးများပင်ပြူးကျယ်ကုန်ရသည်။

" အွန့် "

" အာ့ ခင်ဗျားဘာလို့ကိုက်တာလဲ "

" မင်း မင်းကဘာလို့ရုပ်တရက်ကြီးနမ်းတာလဲ "

" သောက်ချီး ခင်ဗျားကနှူတ်ခမ်းကိုကိုက်‌ပြီးအားပြုနေလို့ သောက်မြင်ကပ်လို့လေ "

" ဘာ "

" အကူအညီတောင်းလေ တောင်းရင်ကျုပ်လုပ်ပေးမှာပေါ့ "

" မင်းက မင်းကဘယ်တုန်းကငါပြောတာကိုလုပ်ပေးဘူးလို့လဲ "

" ခင်ဗျားကိုအရင်ကကျုပ်ကမုန်းလွန်းလို့လေ "

" အခုကကော ဟင် "

အဓိပ္ပာယ်များစွာပါသောမျက်လုံးများဖြင့်ကြည့်နေသောရိပေါ်ကြောင့် ရှောင်းကျန့်သူ့မျက်နှာအားတဘက်နေရာသို့အကြည့်လွှဲကာ...

" အခုက ခင်ဗျားကိုကျုပ်ကောင်ကြီးက သောက်ရမ်းချစ်သွားလို့ "

" အာ အဲ့နေရာတစ်ခုတည်းက ကွက်ပြီးချစ်တာရယ် ရှိတာလား ငါကမသိလို့ပါ "

" ခင်ဗျားအဲ့လောက်တုံးတာလား "

" ဟင် "

" Shit!ထားတော့ လာကျုပ်ပွေ့မယ် "

ရိပေါ်အားကောက်ပွေ့လိုက်သည်မှာ ဆွေ့ကနဲပင် အင့်ဟူသောအသံသေးသေးလေးရိပေါ်ထံမှထွက်လာသည်နှင့် ရှောင်းကျန့်မျက်မှောင်များစုကြုံ့သွားသည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now