13.❗

10.2K 382 19
                                    

Uni

Mature contact

သင်ဟာ idolများအပေါ်အရမ်း sensitiveဖြစ်လျှင် ဒီအပိုင်းနှင့်နောက်လာမယ့်အပိုင်းအား ကျော်ပေးပါ

#Day

>>>>

" ကျစ်! ငါxိုးခေါင်းကိုက်လိုက်တာ "

" ရှောင်းကျန့် ငါသံပုရာရည်ဖျော်လာတယ် အွန့် သောက်လိုက် "

" အင်း ညကခင်ဗျားခေါ်လာတာလား "

" အင်းလေ မင်းညကဘာကိစ္စမှမမှတ်မိဘူးလို့တော့မပြောဘူးမလား "

" ဘာကိုလဲ "

" အေးကောင်းတယ် မနက်စာရပြီ သွားစားချင်စား၊မစားချင်နေ "

" ဟ "

ရှောင်းကျန့်အားစိတ်တိုတိုနှင့်ပြောကာထွက်သွားသောရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက်အူကြောင်ကြောင်လေးဖြစ်သွားရသည်။သံပုရာရည်ကိုပဲသောက်လိုက်ပြီး အောက်ထပ်သို့ဆင်းရလေတော့သည်။

ရိပေါ်တစ်ယောက်တစ်ကယ်ကို စိတ်တိုမိပါသည်။တစ်ညလုံးသူများကိုအိပ်မရအောင်ချွဲနေခဲ့သူကြောင့် သူတစ်ညအတွင်းအရည်ပျော်မိတော့မလိုတောင်ဖြစ်ခဲ့ရသည်။သူကသာယခုလိုတွေဖြစ်နေသော်လည်း ရှောင်းကျန့်သည် ညကအဖြစ်အပျက်မှန်သမျှအား မမှတ်မိတော့ပေ။ရိပေါ်တစ်ယောက် လှေကားအောက်ဆုံးထပ်တွင်ခြေအားဆန့်ချကာထိုင်ပစ်လိုက်ပြီး....

ညက အရမ်းချစ်ဖို့ကောင်းပြီး ကိုကိုလို့ဆက်တိုက်ခေါ်ပြီး ချွဲနေတဲ့ငါ့ရဲ့မောင်ကိုပြန်လိုချင်တယ် ပြန်ခေါ်ပေး! ....

ငါမနေ့ညကဆေးမသောက်လိုက်ရဘူးလို့ တကယ်ကလေးရလာလို့ မင်းကမလိုချင်ရင်ငါဘယ်လိုလုပ်ရမှာလဲ!...

ရိပေါ်တစ်ယောက်စိတ်ထဲတွင်သာအော်ဟစ်ကာ ဆူပုတ်ပုတ်လေးဖြစ်နေသည်။ထိုအချင်းအရာကိုကြည့်ကာပြုံးနေသူတစ်ယောက်ရှိနေခဲ့သည်။သိပ်ကိုကြည်နူးစရာများဖြစ်စေခဲ့သည့်အပြင် ကိုယ့်နှလုံးသားတံခါးကိုဖွင့်လှစ်နိုင်သူကိုရှာတွေ့နိုင်ခဲ့သည်မို့ ထို၃လပိုင်း၁၄ရက်နေ့ညလေးအား တစ်သက်တာမေ့လျော့မည်မဟုတ်တော့ပါ။ထို့အပြင် အရက်သောက်ပြီးတိုင်း ဖြစ်ပျက်သမျှများအားမေ့တတ်သည့်သူထဲတွင်လည်း သူဆိုသည့်‌ရှောင်းကျန့်မပါပေ။ထိုညကသူအသိစိတ်လွတ်အောင်ထိမမူးခဲ့ပါ။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now