Extra.1

6.5K 304 14
                                    

Uni

" မောင်ရေ! "

" ဗျာ "

" ဆင်းခဲ့တော့လေ သားကိုနှုတ်ဆက်ရမှာကို "

" လာပါပြီ ကိုကိုရာ "

" ပါး "

" သား ပါးတောင်းပန်ပါတယ်နော် "

" ပါးကလည်း အခုပြန်ရတော့မှာပဲ သူ့ကိုပြန်ရှာဖို့အတွက် မခက်ပါဘူး ဘာပဲဖြစ်ဖြစ် ပါးလက်ထက်ပွဲငြင်းပေးတာပဲ ကျေးဇူးတင်နေပါပြီ သားဖချင်းကို ဘာလို့တောင်းပန်ရတာတုန်း ပါးရာ "

" ပါးက သားကိုကောင်းစေချင်လို့ပါ "

" သားနားလည်ပါတယ် ပါး ညက Dadပါးကို တညလုံးချလိုက်သေးလား "

" ဒီကလေးတော့ ဘာတေမေးနေတာလဲ "

" ဟဲ သားကစတာ "

ရိပေါ်ကလိုက်ရိုက်သည်မို့ ရိလင်မှာပြေးရလေတော့သည်။ရှောင်းကျန့်အောက်ဆင်းလာသည်နှင့် ပြေးတမ်းလိုက်တမ်းကစားသလိုဖြစ်နေသည့် ချစ်သောကိုကိုနှင့်သားလေးအားကြည့်ကာပြုံးမိလေသည်။သူသိပ်ဆိုးခဲ့မိပြီး အမှန်ကိုသာစောစောမြင်နိုင်ခဲ့ရင် သူ့ကိုကိုကို ယခုထက်ပိုဂရုစိုက်နိုင်ခဲ့မှာ...

သားမရှိတော့ဘူးဆိုတော့ ညတိုင်းပြုစုပါ့မယ် ကိုကိုရယ်....

လူယုတ်မာပြုံးအားရှောင်းကျန့်မှချိတ်ဆွဲလျက်...

>>>>>

" ငါရောက်ပြီ လာကြိုလေ မေငုံးကောင်တေရ "

" .... "

" အေးအခုလာကြို ပါးတို့ကိုUsထားခဲ့တာ လုပ်ချင်ရာလုပ်ချင်လို့ ငါမင်းတို့နဲ့ clubသွားဖို့ အခုလာနော် "

" အေး ဒါပဲ "

ရိလင် လုကျင်းတို့တသိုက်အားခေါ်လိုက်ပြီး လေချွန်နေရင်း မျက်စိကစားနေစဉ် တွေ့လိုက်ရသောအဖြူရောင်ပုံရိပ်လေးကြောင့် ချက်ချင်းမျက်မှန်အားချွတ်ကိုင်လိုက်ပြီး အပြေးသွားရန်ပြင်လိုက်စဉ်တွင် ထိုအဖြူရောင်လူသားလေးအားပွေ့ဖက်လိုက်သော မိန်းမပျိုတဦး ကြောင့် ဒေါသကထောင်းခနဲဖြစ်သွားရသည်။ခေါင်းလေးကိုအသာအယာပုပ်ပေးနေသညါကိုမငြင်းပဲငြိမ်ခံနေပြန်သည့်ကောင်လေးကြောင့် စိတ်ကတိုလာရလေတော့သည်။ရောက်ရောက်ချင်းပြန်တွေ့၍ ပျော်ရမည်ဟုထင်လိုက်မိသော်လည်း စောက်တလွဲအတွေးမှန်းသိလိုက်ရလေသည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now