5❗

11.2K 425 33
                                    

Uni

" အင့် "

ဝမ်ရိပေါ်တစ်ယောက် နိုးလာချိန်တွေ့လိုက်ရသောမျက်နှာကျက်ကြောင့် ကားပေါ်မဟုတ်မှန်းသိလိုက်၍ သူ့အား company လိုက်ရန်နှင့် ကိုယ်ရံတော်ပြန်လုပ်ရန်ရှောင်းကျန့်ပြောသည်များအား အမှတ်ရလာ၍ ကုတင်ပေါ်မှဆင်းကာ ဆက်ကနဲ ထရပ်လိုက်မိသည်။ရှောင်းကျန့်သေချာပေါက်ဒေါသထွက်နေမည်ကိုတွေးမိကာကြောက်စိတ်များဝင်ရောက်လာသော်လည်း မှန်အကြည်မှမြင်နေရသည့်ပကတိတည်ငြိမ်နေသော ရှောင်းကျန့်သည် ခုံပေါ်တွင် ခေါင်းလှန်ကာ နားနေသည့်ထင် စာအုပ်ကိုပါတင်ထားလေသည်။ရိပေါ်ရှောင်းကျန့်နားသွား၍ ဇက်နာနေမည်စိုးရိမ်မိသည်မို့ စာအုပ်အားဖယ်ကာ ရှောင်းကျန့်အား နှိုးရန်ပြင်လိုက်သော်လည်း တည်ကြည်ခန့်ညားစွာတည်ရှိနေသည့်မေးရိုးထင်းထင်းနှင့် ဆွဲဆောင်မှုအပြည့်ရှိသည့်မှည့်နက်လေးအားအကြည့်ရောက်မိလေတော့ တို့ထိရန်ပြင်လိုက်သည်နှင့်ဆက်ကနဲ ဆွဲကိုင်ခံလိုက်ရသည့် သူ၏လက်ကြောင့် ‌ရိပေါ် မျက်လုံးလေးများ လက်သွားရသည်။ရှောင်းကျန့်သည်နိုးနေခဲ့သည်လား...

" ကျုပ်ကဘာလဲ "

" ရှောင်းကျန့် "

" ကျုပ်နာမည်မေးတာမဟုတ်ဘူး "

" ဟင် "

" ခင်ဗျားနဲ့ကျုပ်ကဘာလဲ "

" ဟင် "

" ကျစ်! နောက်တစ်ခါ ဟင်ကြည့် ခင်ဗျား ပါးစပ်ကိုစုတ်ပြတ်သတ်အောင် စုပ်နမ်းပစ်မယ် "

" ... "

ရိပေါ်ခေါင်းလေးသည် ချက်ချင်းငုံ့သွားသည်။ရှက်သွားသည့်ထင် နားရွက်ကလေးများရဲတက်လာသည်။ရှောင်းကျန့်ရိပေါ်၏မျက်နှာအားဆွဲမော့ကာ...

" နောက်ဆိုကျုပ်မသိအောင်ကျုပ်အသားကိုမထိနဲ့ ကျုပ်မကြိုက်ဘူး သိအောင်ပဲထိ ခင်ဗျားအထိအတွေ့ကိုသောက်ရမ်းမုန်းတာမို့ ကျုပ်ကိုစိတ်ကြိုက်ထိလို့ရတယ် ဘာမှစိုးရိမ်စရာမလိုဘူး ကျုပ်ပြောတာကြားလား "

" ကြား ကြားပါတယ် "

ရှောင်းကျန့်ရိပေါ်နားသွားကာ ခါးမှဆွဲ၍ သူနှင့်ရင်ဘက်ခြင်းကပ်စေ၍ ရိပေါ်၏နှုတ်ခမ်းများအားနမ်းရှိုက်ရန်အပြု...

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now