11.

7K 367 35
                                    

Uni

" ရှောင်းကျန့် "

" ပြော ကျန်းချန် "

" မင်းအဖေကိုချစ်လား "

" အင်း "

" မင်းအမေကိုကော "

" အင်း "

" မင်းအဘွားကိုကော "

" အင်း "

" မင်းအဘိုးကိုကော "

" အင်း "

" ရိပေါ်ကောကိုကော "

" ဟင့်အင်း "

" မေငုံးကောင် မင်းအမသွားပြော မင်းမုန်းတာသေတောင်မယုံဘူး "

" ဟ "

ရှောင်းကျန့်အစကတည်းကကျန်းချန်ဘာကိုပြောချင်လဲရိပ်မိပါသည်။သူ့အားလူလည်လုပ်လို့ရမည်ဟုထင်နေသည့် ကျန်းချန်သည် သူ့အကြောင်းမသိတာလည်းမဟုတ်။ရှောင်းကျန့်ကျန်းချန်အားပြုံးကာကြည့်လိုက်ပြီးခေါင်းခါလိုက်သည်။သူမသိတော့ပါ။တကယ်တော့ရိပေါ်ကိုသူတကယ်အရမ်းမုန်းနေခဲ့ပါသည်။သို့သော် အခုနောက်ပိုင်း မောင်လို့ခေါ်ယုံနဲ့ သူ့စကားကိုအလိုလိုနာခံမိနေခဲ့သည်။ခနခနပွေ့ချီမိသည်။လူပေါင်းသောင်းချီရှိပါလျက်နဲ့ ထိုသူတစ်ယောက်ထဲကိုပဲသူမြင်တော့သည်။

အင်း ခင်ဗျားနားက ခပ်ကွာကွာနေမှဖြစ်မယ်ထင်တယ် ခင်ဗျားရဲ့မောင်ဆိုတဲ့ခေါ်သံကဆွဲငင်အားများလွန်းနေတယ်....

ရိပေါ်တစ်ယောက်နိုးလာသည်နှင့်ရှောင်းကျန့်အားရှာမိသည်။

" ရှောင်းကျန့် "

ရှောင်းကျန့်နာမည်အားခေါ်၍ ရှောင်းကျန့်ဆီသို့လျှောက်သွားလိုက်သည်။ ပြီးသည်နှင့် ကျန်ချန်အား တွေ့သည်မို့ ရယ်ပြကာနှုတ်ဆက်လိုက်သည်။ ရှောင်းကျန့်မျက်ခုံးအစုံဟာစုကျုံ့သွားခဲ့သည်။ရိပေါ်အားပြန်ရယ်ပြ၍ ရှောင်းကျန့်အားကြည့်လိုက်တော့ အလိုမကြစွာ ရိပေါ်အားကြည့်နေသည်မို့ မျက်နှာအားမဲ့လိုက်မိသည်။

မုန်းတဲ့ကောင်ကလဲ ငယ်သူငယ်ချင်းနဲ့တောင်တိုနေတယ် ဒင်းကအကုန်တိုမယ့်ကောင်....

ရှောင်းကျန့်မတိုသည့်နေရာရှိသည်ကိုတော့ ဝမ်ရိပေါ်မှလွဲမည်သူသိမည်နည်း။အရပ်ကိုပြောခြင်းသာဖြစ်သည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now