12.

7.5K 392 33
                                    

Uni

{ အနည်းငယ်ပြင်ထားပါတယ်ဗျ ပြန်ဖတ်ပေးမယ်ဆိုအတိုင်းမသိပျော်မိမှာပါဗျာ}

ဧည့်သည်နှင့်ချိန်းထားသည်မို့ ရှောင်းကျန့်ရိပေါ်အား company တွင်ထားခဲ့လေသည်။စိတ်မချခြင်းများစွာဖြင့် ကျန်းချန်အားစောင့်ကြည့်ရန်လည်းအထပ်ထပ်မှာခဲ့သေးသည်။ရှောင်းကျန့်ဟာအရမ်းမုန်းသည်ပါးစပ်ကမချသော်လည်း ရိပေါ်ကိုသိပ်ကိုဂရုစိုက်ပါသည်။မျက်စိအောက်မှအပျောက်မခံနိုင်သည်အထိ ရှောင်းကျန့်ဟာရိပေါ်ကို ဂရုစိုက်သည်။ရိပေါ်အားရှောင်းကျန့်မည်မျှတန်ဖိုးထားသည်ကိုတော့ ရိပေါ်မသိသလို ရှောင်းကျန့်ကိုယ်တိုင်လည်းမသိပါ။

" ဝမ်ရိပေါ်မလား "

ရိပေါ်တစ်ယောက်ပျင်း၍ company အောက်ထပ်သို့ခနဆင်းလာလိုက်သည်။ထင်မှတ်မထားစွာဖြင့် သူရှောင်းကျန့်စီတွင် ကိုယ်ရံတော်မဖြစ်ခင် တစ်ကျောင်းတည်းအတူတူတက်ခဲ့သည့်သူငယ်ချင်း လျံကျင်းရီနှင့်တွေ့သည်မို့ ရိပေါ်ဝမ်သားကာ ကျင်းရိနားသို့ပြေးသွားပြီး ကျင်းရိ ‌လက်မောင်းအားရိုက်ကာ...

" ကျင်းရိ ငါမင်းကိုလွမ်းနေတာ "

" ငါကပိုလွမ်းတယ် မင်းမသိပါဘူးကွာ မင်းအရင်လိုလက်သန်ပြောင်တုန်းပဲ ရိပေါ် "

" ဟဲ "

" မင်းအိမ်ထောင်ကျသွားတာကြားတုန်းက ငါအသည်းကွဲလိုက်သေးတယ် "

" မင်းနော် ကျင်းရိ "

" ဟား ဝမ်ရိပေါ် မင်းကအခုထိလှတုန်းပဲ "

" တော်တော့ "

မျက်နှာများရဲကာရှက်နေသောရိပေါ်သည် တစ်ဘက်ရှိကားပါကင်တွင်ရောက်လာသော ပြိုင်ကားနက်လေးအားမမြင်လိုက်ပေ။

" ဝမ်ရိပေါ် "

" ဟမ် "

" မင်းအဆင်ပြေရဲ့လား ပိန်သွားတယ် "

" အင်း ပြေပါတယ် ငါသူ့ကိုမချစ်ပဲလက်ထက်လိုက်ပေမဲ့ပေါ့ "

" ဟမ် "

" ဟုတ်တယ် သူကောငါကောကမချစ်ပဲလက်ထက်ထားတာ "

" အဲ့တာဆို ငါ့အတွက်အခွင့်အရေးရှိသေးတာလား ရ်ိပေါ် ဟမ် "

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now