7

7.9K 413 30
                                    

Uni

" ဘာ! "

အိမ်ကိုရောက်လာတဲ့ကောင်နဲ့စိတ်မချလို့ သူကိုယ်တိုင်တောင် ပျက်ရက်ဟူသည်မရှိဘူးသည့် company တောင်မသွားပဲအိမ်မှာတင်နေနေသည်ကို အပြင်ကိုဟိုကောင်နဲ့နှစ်ယောက်တည်းသွားချင်ကြောင်းခွင့်တောင်းလာသည့် ဝမ်ရိပေါ်သည် သူ့ဒေါသအားမသိသည့်အလား...

" ငါ ခနပဲသွားမှာ တကယ်စောစောပြန်လာမယ် "

" မသွားရဘူးဝမ်ရိပေါ် "

" ရှောင်းကျန့် ငါမင်းကိုအသိပေးတာခွင့်တောင်းတာမဟုတ်ဘူး ငါသွားမှာပဲ "

" ခင်ဗျားသတ္တိရှိရင် အိမ်ပြင်ကိုခြေတစ်လှမ်းထွက်လိုက် ဝမ်ရိပေါ် ခင်ဗျားအတူသွားချင်ပါချည်ရဲ့ဆိုတဲ့ကောင်သောက်ခွက်စုတ်ပြတ်သပ်တာမြင်ချင်ရင်လုပ်လိုက် ဝမ်ရိပေါ် "

" ရှောင်းကျန့် "

" ခင်ဗျားဘယ်သွားချင်ရင်ကျုပ်လိုက်ပို့မယ် လို့ကျုပ်ပြောခဲ့မလား အဲ့တာကို တစ်ခြားကောင်နဲ့သွားချင်နေတာလား အိမ်မှာငြိမ်ငြိမ်နေစမ်းပါဗျာ"

မျက်ခမ်းစပ်တေပါနီရဲလာသည်မို့ ရိပေါ်တံတွေးအသာမြိုချမိသည်။‌သူ့ကို ပြောပြီးသည်နှင့်ဟိုဘက်လှည့်ကာအလုပ်လုပ်နေသည့်ရှောင်းကျန့်သည် တကယ်ကိုဒေါသထွက်နေသည်။ရှောင်းကျန့်ဒေါသထွက်ရင်အမှန်တကယ်သူကြောက်သည်။သူကိုယ်ရံတော်လုပ်နေဆဲအချိန်က သူ့အားထိုးခဲ့သည့်ကောင်ကို ရှောင်းကျန့်ဘယ်လိုလုပ်ခဲ့လဲသူအသိဆုံးပင်ဖြစ်သည်။သွေးအေးလွန်းသည့်ရှောင်းကျန့်ဒေါသထွက်လျှင် မည်သူမဆို ကြောက်ကြသည်။Xiao Groupပိုင်ဆိုင်သည့်အရာနှင့် Xiao Group နှင့်သက်ဆိုင်သည့်မည်သူမဆို ထိရဲသူမရှိပေ။ရှောင်းကျန့်၏ခင်ပွန်းဝမ်ရိပေါ်ကိုတော့ သတင်းသမားများပင်မထိရဲပေ။

ရှောင်းကျန့်နှင့်လက်ထက်ခါစက ဝမ်ရိပေါ်အား 'ရှောင်းကျန့်အမွေတွေကိုလိုချင်လို့ ချဉ်းကပ်ပြီးယူခဲ့တာ' ဟူသည့်ခေါင်းစဉ်ဖြင့် မဟုတ်တရုတ်များရေးသားကာ တင်ထားသော Yan သတင်းဌာနသည် ထိုသတင်းတင်သည့်နေ့တွင်ပဲ ဒေဝါလီခံလိုက်ရသည့်အပြင် Yanသတင်းဌာနပိုင်ရှင်မှာလည်း အိမ်ဝိုင်းများအကြွေးဖြင့်အသိမ်းခံရ၍ထွက်ပြေးသွားကြောင်း သတင်းများသည် ဝမ်ရိပေါ်အားကဲ့ရဲ့ရေးသားထားသောသတင်းများအားဖုံးသွားသည်။ထိုနေ့ကသတင်းသမားများသည် ရှောင်းကျန့်ထံသို့လာရောက်မေးမြန်းကြသည်ကို အမှန်အတိုင်းပြောလိုက်သည်မို့ ထိုနေ့မှစ ဝမ်ရိပေါ်အကြောင်းကောင်းသတင်းမှလွဲထပ်မထွက်လာတော့ပေ။

ကျုပ်အပိုင်{ Complete✓ }जहाँ कहानियाँ रहती हैं। अभी खोजें