16.{ final }

10K 353 21
                                    

Uni

" ထမင်းစားတော့မယ် ‌ဒေါ်လေး ပြင်လိုက်တော့ ညကပါးတို့မအိပ်ပဲလုပ်ကြတယ်ထင်တယ် စားနှင့်ပြီးကျောင်းသွားနှင့်မယ် "

ရှောင်းရိလေး၏အပြောကြောင့် အိမ်တော်ထိန်းကြီးနှင့်အိမ်အကူလေးများပင် ရှက်မိသွားလေသည်။သူတို့သခင်လေးသည် ‌ဖခင်အတိုင်း စကားပြောရင်ပြတ်သားလွန်းသည့်အပြင် ရှက်ရမည်သည် ဘယ်လိုလဲဟုပင်မေးရလောက်မည်အထိအရှက်တရားအားမသိသည့်ကလေးပင်ဖြစ်နေလေသည်။

" My son ထမင်းစားနေပြီလား "

" အင်း ပါးမနိုးသေးဘူးမလား Dadဘယ်နှစ်ချီပြီးလိုက်လဲ "

" ဟ မင်းကြားတာလား "

" တစ်ညလုံးအိပ်ရလားအရင်မေးသင့်တာ "

" ဟား ' "

ရှောင်းကျန့်ဟက်ဟက်ပက်ပက်ပင်ရယ်မိလိုက်လေသည်။သားသည် သူ့အတိုင်းပင် လုံးဝမေးချင်ရာမေးနေလေသည်မို့ သူ့ဗီဇအတိုင်းအမှန်တရားအားဖြေလေတော့သည်။

" ဘယ်နှစ်ချီမှန်းတောင်မမှတ်မိတော့ဘူး မင်းပါးကို Dadလွမ်းနေတာ မင်းကခွဲထားတာ "

" အဲ့တာ Dadကိုအပြစ်ပေးတာလေ "

" ဘာတေပြောနေတာလဲ ဒီသားဖ "

ရိပေါ်တစ်ယောက်ဆင်းလာသည်နှင့် သားအဖနှစ်ယောက်သည်ချက်ချင်းပါးစပ်ပိတ်သွားလေတော့သည်။ရှောင်းရိလေးသည်သူ၏ပါးဘယ်လောက်ရှက်တတ်လဲသိသည့်အပြင် ရှောင်းကျန့်သည်လည်းသူ၏ကိုကိုအရမ်းရှက်တတ်မှန်းသိသည်မို့ တိတ်သွားကြခြင်းဖြစ်သည်။ရှောင်းရိလေးသည်ဆိူးသော်လည်း သူ၏ပါးပါးအားသိပ်ချစ်ရှာပါသည်။

" သား ကျောင်းသွားရမှာနောက်ကျနေပြီလေ "

" ခုသွားမှာပါး "

" လာပါးလိုက်ပို့မယ် "

" ရတယ် Dadလိုက်ပို့လိမ့်မယ် တစ်ညလုံးဆိုတော့ ပါးခါးနာနေတယ်မလား "

ဖူး*

ရိပေါ်တစ်ယောက် ရှောင်းရိလေး၏စကားကြောင့် ရေသောက်နေရင်းမှ ရေများပြန်ထွက်လာ၍ ရှောင်းကျန့်မျက်နှာများသည်အရွဲသားဖြစ်သွားရသည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now