Extra - 2❗

8.3K 226 26
                                    

Uni

" Don "

စစရောက်တဲ့နေ့ကစ၍ ရိလင်သည် Don၏အိမ်အထိပါလိုက်သွားကာ Donအိပ်ခန်းထိပါလိုက်ခဲ့ပါသည်။ရိလင်သည် ဖခင်ထက်ပို၍ ရဲတင်းလှသည့်ကောင်လေးဖြစ်သည်။ဒွန်း၏မိခင်သည် ခေတ်အလိုက်နေထိုင်တတ်သည့် အမျိုးသမီးပေမို့ သူ၏သားငယ်အား အမှန်တကယ်ချစ်ပေးနိုင်မည့်သူဆိုလျှင်ကို ကျေနပ်သည့် မိခင်တစ်ယောက်ဖြစ်သည့်အပြင် ရိလင်သည်လည်း ဒွန်းအားအရမ်းချစ်မည်ဟု သူမယုံကြည်သည်မို့ လူငယ်များအကြားဝင်မပါခြင်းဖြစ်သည်။

" ပြော "

" ငါ‌‌လေမင်းကိုစတွေ့ကတည်းက ဖင်ချချင်စိတ်ကတစ်ဖွားဖွား သိလား "

" ဘာ! "

" sry sry လုပ်လေ မင်းဘောင်းဘီမဝတ်ရသေးတာမြင်တော့ အမှန်တရားကပါးစပ်ကထွက်သွားလို့ ဆက်ဝတ် "

ဒွန်းတစ်ယောက်ရေချိုးပြီး ဘောင်းဘီဝတ်ရန် ပြင်နေစဉ် တံခါးမခေါက်ပဲဝင်လာသူကြောင့်လန့်သွား၍ ရှေ့လှည့်ကာ တံခါးအား ကျောပေးမိရက်သားဖြစ်သွားရလေသည်။ထို့‌ကြောင့် ဒွန်း၏တင်သားလေးသည် ထင်းစွာမြင်နေရသည်။ boxerသည် တင်ပါးအား လုံလောက်စွာဖုံးထားခြင်းမရှိသောကြောင့်ဖြစ်သည်။

" Don ချစ်တယ် မင်းကို "

ဘောင်းဘီဝတ်နေရင်း ရိလင်၏အပြောကြောင့် ဒွန်း၏နားရွက်ဖျားလေးများသည်ရဲကနဲဖြစ်သွားရသည်။ဘောင်းဘီအားဇစ်တွယ်ကာ ခါးပတ်အားပတ်ပြီးသည်နှင့် ရိလင်သည် ဒွန်းနားကပ်လာသောကြောင့် ဒွန်းသည်နောက်သို့ဆုပ်ရင်း ဘီရိုနှင့်ကျောကပ်သွားရသည်။ထပ်၍ဆုပ်မရတော့သည်မို့ ရိလင်သည်ဒွန်း၏ရှေ့သို့တိုးကာ ခါးအားလက်တစ်ဖတ်ဖြင့်ဖတ်၍သူနှင့်မျက်နှာချင်းနီးကပ်လာစေသည်။ဒွန်း၏ဘယ်ဘက် နားရွက်ရဲရဲလေးအား ငုံ့ကာစုပ်ယူလိုက်ပြီး ဒွန်းအားနမ်းရှိုက်လေတော့သည်။တွန်းထုပ်နေသော လက်သေးသေး‌အားဆုပ်ကိုင်ကာ မျက်ရည်များကျလာသည့် ရိလင်ကြောင့် ဒွန်းမှာ ရိလင်၏မျက်ရည်များအားသုတ်ပေးရလေတော့သည်။

" မငိုနဲ့ ဘာလို့ငိုတာလဲ "

" အင့် "

ရှိုက်သံများပါထွက်လာပြီး ရိလင်သည်ဒွန်း၏ခါးအားဖတ်ကာ ဒွန်း၏ရင်ခွင်ထဲအားဝင်လိုက်လေသည်။ဒွန်းကတော့ ရိလင်၏ထိုပုံစံအားမမြင်ဘူးသည်မို့ သူ့ကြောင့်လားဟူသည့်အတွေးနှင့် အရမ်းစိတ်ပူနေတော့လေသည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now