9.❗

9.7K 409 75
                                    

Uni

" ကျစ်! သောက်ချီး မနေ့ကတော့ဘာမှမဖြစ်ပါဘူး ဒီနေ့မှ လက်တေကောခြေတေပါကိုက်ခဲနေတာပဲ "

ရှောင်းကျန့်တစ်ယောက် ရိပေါ်အားမနေ့က၄နာရီလောက်ပွေ့ကာပတ်သွားထားသည်မို့ ခြေထေညက်များကိုက်ခဲနေခြင်းပင် ၊ မနေ့ကဘာမှမဖြစ်သော်လည်း နောက်နေ့မနက်ကျ အတော်ကိုကိုက်ခဲနေလေသည်။ထီးလိုက်မိုးပေးသေးသည်မို့ လက်များသည်လည်းကိုက်ခဲနေသည်။တိရစ္ဆာန်ရုံတစ်ခုလုံးသည် အတော်ကိုကျယ်ဝန်းသည်မို့ ဘယ်သူမဆို သူ့လိုတော့လုပ်နိုင်မည်မထင်ပါ။သို့သော် သူလုပ်ခဲ့သည်မို့ ကိုက်ခဲနေခြင်းပင်ဖြစ်သည်။

" ရှောင်းကျန့် နေမကောင်းဘူးလား ဟင် "

ဝမ်ရိပေါ်ရောက်လာသည်နှင့် ရှောင်းကျန့်ကျောများမတ်သွားသည်။

" ဘယ်ကောင်းမလဲ ခြေတေလက်တေကိုက်နေတယ် ခင်ဗျားကိုမနေ့ကထီးအကြာကြီးလိုက်မိုးပေးထားတာလေ "

" ငါသိတယ်လေ အဲ့ကြောင့် ကျေးဇူးပါလို့လာပြောတာ "

" မလိုဘူး ခင်ဗျားထွက်သွား မိုးလင်းလင်းချင်းခင်ဗျားမျက်နှာ မမြင်ချင်ဘူး "

" ဟုတ် ငါ ဒေါ်လေးကို ဆေးပေးလိုက်မယ်နော် "

တကယ်ကိုချက်ချင်းထထွက်သွားသည်မှာတံခါးနားပင်ရောက်နေလေပြီဖြစ်သော ရိပေါ်သည် ဘယ်ကတည်းက အိပ်ခန်းမှအပြင်ထွက်ချင်နေသည်မသိ ချက်ချင်းကိုထထွက်သည်မို့ ရှောင်းကျန့် စုပ်တစ်ချက်သတ်မိသည်။

ကျစ်! ခင်ဗျားသောက်တုံးလား ဝမ်ရိပေါ် တကယ်မထွက်ပဲ ကျုပ်ကိုနည်းနည်းချွဲကြည့်လိုက်စမ်းပါ....

" မသွားနဲ့ နောက်ဆို ကျုပ်သွားခိုင်းလည်းမသွားနဲ့ ကျုပ်ပြောတာကြားလား "

" ဟင် မင်းပဲ "

" ပါးစပ်ပိတ်! ကျုပ်ဘာပြောပြော စိတ်ထဲကမပါဘူး "

" ဟင် "

အဲ့ဆို မင်းငါ့ကိုမုန်းတာလဲ စိတ်ထဲကမပါဘူးလားဟင် မောင်...

ရိပေါ်တစ်ယောက် ခေါင်းလေးအားငုံ့ချလိုက်သည်။သူတကယ်ကိုပျော်သွားရခြင်း မဟုတ်မှ သူရှောင်းကျန့်ကိုချစ်မိနေတာများလား သူ့အပေါ်ကိုမုန်းသည်ဟုအထပ်ထပ်ပြောတတ်သော်လည်း သူ့အားသိပ်ဂရုစိုက်တတ်သည့်သူမို့ သူချစ်မိသွားတာလား....

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now