{Unicode}
... ငါ ပိုင်တဲ့ ငါ့နေရာ...
(ခါနွေဦး)
Age: 23
စနေ
နွေဦးမှာ မွေးသည့်သူ။... အစ်ကို့မဟေသီ ဖြစ်ဖို့
အိန္ဒြေကြောက်လို့ ...(အိန္ဒြေကူးငယ်)
Age:16
တနင်္ဂနွေ
မိုးရာသီမှာ မွေးသည့်ကလေး။20--
မြန်မာ သက္ကရာဇ် ၁၃၈--
အလှူတော် မင်္ဂလာ ...
သောကြာနေ့။နယ်ဘက်က အလှူ၊ မင်္ဂလာဆောင်၊မွေးနေ့ပွဲဖြစ်ဖြစ် ငွေကောက်ခံသည့် စာရင်းစာပွဲဆိုတာ သပ်သပ်ရှိပါသည်။ ထိုစားပွဲကိုလည်း ရွာထဲကဆယ်တန်းအောင်များ၊ တက္ကသိုလ်ကျောင်းသားများ၊ ဘွဲ့ရများကို ထိုင်ခိုင်းလေ့ရှိသည်။ မနေ့က ထိုပွဲအတွက် ဖိတ်ကြားထားသည်မို့ ကျွန်တော် ဒီနေ့ စာရင်းစားပွဲအတွက် အလှူမဏ္ဍပ်ရှိရာသို့ လှမ်းလာမိသည်။
နံနက် ၆နာရီ ၄၅မိနစ်...
ကျွန်တော်တို့ နံနက်စာ ထမင်းစားပြီးသည်နှင့် စာရင်းစားပွဲမှာ မိမိနှင့်အတူ ရွာထဲက အစ်ကိုနှစ်ယောက်။ စာရင်းစားပွဲမှာ လေးယောက်ထားတတ်သည်မို့ ကျန်တစ်ယောက်က ဘယ်သူလဲ မသိပါ။ အခုထက်ထိလည်း မလာသေးတာမို့...။
"ကိုအောင်.... စာရင်းစားပွဲက သုံးယောက်ပဲလားဟင်? နောက်တစ်ယောက်ကရော?"
"အမ်? အေး နောက်တစ်ယောက်က မြောက်ပိုင်းက မင်းသူရ ပြောတာပဲ။ ဟုတ်သားပဲ... အခုထက်ထိ ဘာလို့ မလာသေးတာလဲ?"
ကျွန်တော်တို့ စာရင်းစားပွဲအတွက် စာရင်းစာအုပ်မှာ နံပါတ်စဥ် တပ်နေတုန်းပင်... ကျွန်တော်တို့ထဲက နောက်တစ်ယောက်ဖြစ်သူ ကိုသွေးက....
"ဟော... ဟိုမှာ လာပါပြီ။"
ကိုသွေး ညွှန်ပြရာနောက် ကျွန်တော်နှင့် ကိုအောင်တို့ မျှော်ကြည့်လိုက်မိသည်။ ဟုတ်ပါရဲ့... ကျွန်တော်တို့ စားပွဲရှိရာသို့ ခပ်ဖြည်းဖြည်း လျှောက်လာသည့်သူ...။
"ဟေး... မင်းသူရ... အစ်ကိုတို့က မင်းကို စောင့်နေတာ...။ ဘာလို့ နောက်ကျပြီးမှ_"