{Unicode}
... ငါက
သနားလို့...
ချစ်တာကို အတ္တတစ်ခုနဲ့
မဖော်ထုတ်ရက်တာ...
ဒါပေမယ့်...
မင်းက ငါ့ကို ဖျစ်ညှစ်ချင်နေအောင်
လုပ်တာပဲ...။***
ယခင်အပိုင်းမှ အဆက်...
"ကူးငယ်... ခရီးထွက်သွားတယ်... မောင်ခါနွေ..."
ထိုအချိန်မှာတော့ ထိုကလေးက ထင်မှတ်မထားခဲ့သလိုပင် မျက်နှာထားက တည်တံ့သွားပြီးသည်နှင့် သူ့နူတ်ခမ်းထောင့်ချွန်းကို ကွေးညွှတ်ရယ်သည်။ ထို့နောက် မျက်နှာတည်ဖြင့်ပင် အရှေ့သို့ ပြန်လှည့်လာပြီး....
"ခရီးထွက်သွားတယ်....?"
မိမိနောက်မှ သံယောင်ခံကာ ထွက်ပေါ်လာသည့် ထိုကလေးအသံက တစ်ခုခုကို ချုပ်တည်းထားသည့်ဟန်ပင်...။ မိမိလည်း သူ့ကို ကြည့်မနေဘဲ ဒီအတိုင်းသာ ခေါင်းကို ညိမ့်ပြလိုက်မိသည်။
"ဘယ်ကိုလဲ?"
တည်ငြိမ်သော အသံက အတင်းကို လုပ်ယူထိန်းထားသလိုပင်...။ ဘာကြောင့်မှန်း မသိ...ဒီကလေးရဲ့ပုံစံက အေးသည်ဆိုပေမယ့် ကြောက်စရာကောင်းတာမျိုးပင်....။
"လောလောဆယ်တော့ အရီးလေးတို့ အဲ့ဒီကိစ္စ မပြောနိုင်သေးဘူး မောင်ခါနွေ...။ ပြောနိုင်တာကတော့ သူအခု ခရီးထွက်ဖို့ ကားဂိတ်သွားနေပြီဆိုတာပါပဲ...။"
ထိုအချိန်မှာတော့ ချက်ချင်း တည်ငြိမ်သွားသော ထိုကလေး၏ ပုံစံက ကြောက်စရာပင်။
"ဟုတ်ကဲ့ အရီးလေး... ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး...။"
မိမိအား ခွင့်တောင်းပြီးသည်နှင့် တစ်ပြိုင်နက် သူကတော့ ခြေလှမ်းကြဲများဖြင့် ပြန်သွားလေပြီ။ ထိုကလေး၏ ကျောပြင်ကို ကြည့်ပြီး တစ်စုံတစ်ခုကို စိတ်ထင့်နေသလို ခံစားမိသည်။ အို ထားပါလေ.... ကူးငယ်က မနက်ပိုင်းကတည်းက ကားဂိတ်ဆီ ရောက်သွားတာ... ဒီလောက်ဆို မမီလောက်ဘူး ထင်မိသည်။
သို့ပေမယ့် ရောက်ရှိကြောင်း အခုထက်ထိ ဖုန်းမဆက်လာသေး။ ရောက်ရောက်ချင်း ဖုန်းဆက်ဖို့ ပြောထားတာကို ထိုကလေး အဲ့ဒီနေရာကို မရောက်သေးတာလား?