{Unicode}
... အစ်ကို့ကို ယူလိုက်ဖို့လွှဲ...
အခြားမရှိတော့...။***
ယခင်အပိုင်းမှ အဆက်...
ကျွန်တော် အစ်ကို့ကို အခြေအနေတစ်ခုခုကို ပြောင်းလဲဖို့ ပြောလိုက်ရမလား စဉ်းစားနေစဉ်မှာပင် အစ်ကိုကတော့ သူ့ခေါင်းကို ဘယ်ညာခါရမ်းလိုက်ပြီး...
"အိပ်တော့... ဘာမှမဟုတ်တော့ဘူး..."
ထို့နောက် ကျွန်တော့်ကို ကြည့်ကာ လက်သီးကို ဆုပ်ကာ ထွက်သွားတဲ့ အစ်ကို ...
ထိုအချိန်မှပင် ကျွန်တော်လည်း သဘောကျစွာ ပြုံးလိုက်မိတော့သည်...။ ဒါက အစ်ကို့အတ္တဆိုရင်တောင် အပြီးအပိုင် ကြီးပိုင်ခွင့်ရှိပါတယ်.. အစ်ကိုရယ်...
နောက်တစ်နေ့ ...
ကျွန်တော် ဒီနေ့က ပိတ်ရက်ဖြစ်သည်...။ ပိတ်ရက်မို့ အိမ်မှာပဲ ရှိနေဖို့ ကြိုးစားပါသည်...။ ဒါပေမယ့် ကျွန်တော်လည်း မနက်စောစော နိုးနေတာမို့ အိပ်ရာက ထ ဖို့ပဲ ပြင်လိုက်မိတော့သည်...။ အိပ်ရာက ထ တော့ မိုးအကုန် ဆောင်းအကူးပိုင်းဖို့ အအေးဓာတ်ကတော့ ချမ်းစီး၍...
အနွေးထည်ကို ဝတ်.. အိမ်အောက်ကို ဆင်းမိတော့ မေမေက ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး...
"အိမ်တံခါးမှာ မောင်ခါနွေ... ရောက်နေတယ်... ခဏတွေ့လိုက်ဦး..."
ဒီစကားက အမေ့ဆီက ထွက်လာသည့် စကားမို့ ကျွန်တော် ဘယ်လိုလုပ်ရမလဲ မသိတော့...။ အစ်ကိုကရော ဘယ်လို အစောကြီး လာနေလဲ မသိ...။ အခါတိုင်းဆို အစ်ကိုက နေမြင့်မှ အိပ်ရာက ထတတ်တာ ဖြစ်သည်...။ ကျွန်တော်လည်း မျက်နှာသစ်ဖို့ မလုပ်နိုင်သေးဘဲ အစ်ကိုရှိရာကိုသာ တစ်ချက် လိုက်ရှာမိနေသည်...။
ဟုတ်ပါသည်...
အစ်ကိုက တံခါးဝ တစ်ဖက်မှာ ထိုင်လျက်ဖြင့်ပင် ရှိနေသည်...။ ကျွန်တော်လာသည့် အချိန်မှာတော့ အစ်ကိုက ကျွန်တော့်ဆီ တစ်ချက်ကြည့်လာသည်...။ ထို့နောက် ထိုင်ရာမှ ထ ကာ ကျွန်တော့်ဆီသို့ တဖြည်းဖြည်း လျှောက်လာနေသည်...။ ကျွန်တော့်အနား ရောက်နေသည့် တစ်ခဏမှာတော့ အစ်ကိုက.. အတန်ကြာ ငေးသည်....။