အပိုင်း(၂၈)

6.4K 350 38
                                    

{Unicode}

... အစ်ကို့ရဲ့ အဓိပ္ပါယ်...

***

A little warning...

ယခင်အပိုင်းမှ အဆက်...

"... တောက်!
ငါ့မိန်းမလို ချစ်တဲ့သူ မလို့... ပြောနေတာ...။ အထွန့်မတက်နဲ့...။ မင်းကို ၉တန်းနဲ့ ပိုင်ဆိုင်ချင်ခဲ့တဲ့ ငါ့စိတ်ကို နားလည်ပေးဦး...။
တော်တော့...
ငါ ပြန်ရောက်တာနဲ့ ငါလုပ်ချင်ရာ လုပ်တော့မှာ...။ Limit မဲ့နေတဲ့ ဒီနွားသိုးကို ထိန်းဖို့ ကြိုတင်ပြင်ဆင်ထား...."

အစ်ကို့ထံမှ ထိုစကားအဆုံးမှာတော့ ကျွန်တော်လည်း လက်ထဲက ဖုန်းကို ပြန်ကြည့်မိတော့ အစ်ကို့ဘက်က ဖုန်းကျသွားလေပြီ...။

ကျွန်တော်လည်း လက်ထဲက ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိရင်းမှ အစောနက အစ်ကိုပြောသည့် စကားကိုသာ နားထဲ ခဏ ခဏ ကြားယောင်နေမိသည်...။

'ငါပြန်လာတာနဲ့ လုပ်ချင်တာ လုပ်တော့မှာ...'

ထိုစကားနောက်မှာတော့ ကျွန်တော့်တစ်ကိုယ်လုံး Sensation များက တုန်တက်သွားသလိုပင်...။

အစ်ကို့ အသံ၊ အစ်ကို့စကားလုံးများက အမှန်တကယ်ကို အိမ်ကို ပြန်လာပြီး လုပ်ချင်ရာ လုပ်တော့မည့် အသွင်ပင်...။

ကျွန်တော် ဘာလုပ်ရမလဲ?
အစ်ကို ပြန်လာရင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ?

ထိုအတွေးကြောင့်ပင် ကျွန်တော်လည်း အိမ်ပေါ်မှ လေသာပြတင်းမှာပင် အတွေးများဖြင့်ပင် နယ်ချဲ့နေမိသည်...။

နာရီဝတ်ခန့် အကြာ...

ကောင်းကင်မှ အင်တိုက် အားတိုက် ကျလာသည့် မိုးစက်များအကြား အိမ်ဝန်းခြံတံခါးဆီမှ မီးရောင်တစ်ခု...။

ဆိုင်ကယ် ဟွန်းသံ နှစ်ခါ သုံးခါ တီးလာသည့် အချိန်မှာတော့ ကျွန်တော်လည်း အိမ်ပေါ်က လှေကားအတိုင်း ဆင်းလာမိသည်...။

ထို့နောက် ထိုလှေကားအဆုံး လှေကားခုံပေါ်မှာ ထောင်ထားသည့် ထီးတစ်လက်ကို ယူကာ ​အိမ်ဝန်းတံခါးရှိရာသို့...

အပြေးအလွှား အိမ်ဝန်းတံခါးဆီသို့ လာမိသည်...။ အိမ်ဝန်းတံခါးကို မြန်မြန်ဖွင့်ပေးလိုက်မိသည့် နောက်မှာတော့ အပြင်ဘက်မှာ ရှိနေသည့် လူတစ်ယောက်....

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now