အပိုင်း (၂၇)

6K 374 25
                                    


{Unicode}

... အစ်ကိုက ကျွန်တော့်ကို
ဇွတ်အတင်း ယူခဲ့တာ...။

***

ယခင်အပိုင်းမှ အဆက်...

မနက် ၂နာရီ...

အစ်ကိုကတော့ မနက်နှစ်နာရီလောက်မှာ အခန်းတံခါးကို ဖွင့်ကာ အခန်းထဲသို့ ဝင်လာလေပြီ...။ သူ့ပုံစံကြည့်ရတာ တရေးမှ အိပ်ရသေးသည့်ပုံ မပေါ်သေး....။

ခဏအကြာမှာတော့ အစ်ကိုက သူ့အခန်းထဲမှာ ထိုင်ကာ ငိုကြွေးနေသည့် ကျွန်တော့်ကို ခါးမှ ပွေ့ဖက်လာသည်..။ ထို့နောက်...

"အိပ်ရအောင် ညနက်နေပြီ...။ မနက်ကျ အိပ်ရာထရင် နေမကောင်း ဖြစ်လိမ့်မယ်..."

"........."

ကျွန်တော်ကတော့ ဘာမှမပြောနိုင်တော့ အစ်ကိုက ကျွန်တော့်ကို ပွေ့ဖက်ကာ အိပ်ပျော်ဖို့ ကြိုးစားနေသည်...။ ကျွန်တော်လည်း အစ်ကို့ရင်ခွင်ထဲ၌ ရှိနေကာ ဘာစကားမှ မပြောတော့ဘဲ ငြိမ်နေလိုက်ကာ မျက်လုံးတို့ကို မှိတ်လိုက်မိတော့သည်...။

နံနက်ပိုင်း...

နံနက် ၆နာရီ..

အစ်ကိုကတော့ ကောင်းမွန်စွာပင် ကျွန်တော့်ကို ပွေ့ဖက်ကာပင် အိပ်မောကျနေသည်...။ ကျွန်တော်လည်း ကျင့်သားရနေသည့် အနေအထားအရ အိပ်ရာက နိူးလာသည်နှင့် မျက်နှာကျက်ကို မော့ကာ ငေးကြည့်မိလိုက်သည်...။ အစ်ကိုက ဘာဖြစ်လို့ ကျွန်တော် တားနေသည့် အကြားကပင် ဇွတ်
ယူဖို့ ကြိုးစားခဲ့သည်လဲ?

ညက အစ်ကို အခန်းတံခါးပိတ်ထားကတည်းက ကျွန်တော် မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သတိထားမိပါသည်..။ ဆရာညီနဲ့လည်း ဘာမှမဟုတ်တာမျိုးကို အစ်ကို ဘာကို ယူဆလိုက်သည်လဲ မသိ...။ ကျွန်တော့်ကို အိပ်ကို ပြန်ခွင့် မပေးတော့သည့် အပြင် သူ့ကို လက်ထပ်ဖို့လည်း အကြိမ်ကြိမ် တောင်းဆိုခဲ့တာပင်...။

နောက်ဆုံးတော့ အစ်ကို့လက်မှ ရုန်းထွက်လိုက်ပြီး ကျွန်တော် အိပ်ရာထ ဖို့ ပြင်လိုက်မိသည်...။ အခန်းတံခါးကို ဖွင့်လိုက်သည့် အချိန်မှာတော့ ကျွန်တော်လည်း အခု ဘယ်မှာ အခြေချ နေထိုင်မလဲ ဆိုသည့် အရာက အတော်လေးကို တွေးတောစရာ ဖြစ်နေခဲ့ပါသည်...။

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now