{Unicode}
... အင်း...
အစ်ကိုနှင့်အတူ...***
ယခင် အပိုင်းမှ အဆက်....
"သဘောတူပေးမှာလားပဲ သိချင်ပါတယ်...။ ပြောချင်တာကတော့... အခုတစ်ခါဆိုရင်တော့... ကျုပ်က ဒီအတိုင်း
မလွှတ် ထား တော့ဘူး ဆိုတာပါပဲ...။"အစ်ကို့ရဲ့ စကားလုံးတိုင်းရဲ့ နောက်မှာတော့ မေမေတို့က သက်ပြင်းတချချ....။ ကျန်တာထက် ကျွန်တော့်ကို တကြည့်ကြည့်... သူ့သားက အခုပြဿနာကို ဆောင်ကျဥ်းလာသလိုမျိုးပင်...။
မိဘနှစ်ပါးလုံးက သားသမီးအတ္တတစ်ခုကြောင့် မျက်နှာချင်း မဆိုင်တာ ကြာပြီ ဖြစ်သည်...။ အခုအနေအထားမှာတော့ နှစ်ဖက်အခြေအနေက တင်းမာတော့မည်လား မသိ....။
"ကူးငယ်... ဘာလို့ အိမ်မပြန်လာခဲ့တာလဲ?"
မေမေက ကူးငယ်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ဒေါသဖြင့် ပြောလာလေတော့ ဘယ်လိုလုပ်ရမလဲ မသိ...။ အိမ်မှာလဲ နှစ်ဖက်မိဘ လာရောက်စေ့စပ်ပွဲ ဆိုပေမယ့် စိတ်ဝင်စားသည့် လူတစ်ချို့က အိမ်မှာ သိသိသာသာရော မသိမသာပါ... လာရောက်ကြည့်ရှုနေသည်....။
"မေမေ...."
"ကိုယ့်ဘာသာ လုပ်စရာရှိတာ လုပ်သွားတာမလား? လိုက်သွားကတည်းက အိမ်ကို တစ်ချက်တောင် ပြန်မကြည့်ခဲ့ဘူးမလား အိန္ဒြေကူးငယ်...။ အစကတည်းက မိဘတွေကို ခေါင်းထဲမထည့်ဘဲ လုပ်ချင်တာ လုပ်ထားခဲ့ပြီးမှ .... အခုမှ ဘယ်လိုဖြစ်ပြီး အသိအမှတ်ပြု လာခံချင်နေတာလဲ? မင်း လုပ်ချင်တာလုပ်ပြီး မင်းရွေးချယ်မှု မှန်တယ်ထင်ရင် ငါ့ကို အမေလို့ လာမခေါ်နဲ့တော့....။"
ထိုစကား ထိုစကားနောက်မှာတော့ ကျွန်တော့်မျက်ရည်တို့က ထိန်းမနိုင်အောင် ရှိမိသည်...။ မေမေက ဘယ်သောအခါမှ ကျွန်တော့်အတွက် ဆိုပြီး စကားလုံး ကြမ်းကြမ်းတွေ မသုံးနှုန်းဘူးပါ...။ အခုတော့ တစ်သက်နဲ့တစ်ကိုယ် မကြားဖူးသည့် ထိုစကားလုံးများ နောက်မှာတော့.... ကျွန်တော် ဝမ်းနည်းငိုကြွေး၍ မဆုံး....။
"ပြော... အမေ့ကို ရွေးမလား? ဒါမှမဟုတ် သားရွေးချယ်မှုအတိုင်း လိုက်လုပ်မလား? နှစ်ခုတည်းက တစ်ခုရွေးရမယ်...။ တစ်ခုရွေးပြီးရင်တော့ တစ်ခုကို စွန့်လွှတ်ရမှာပဲ...။"