အပိုင်း (၂၂)

5.6K 386 41
                                    


{Unicode}

... ချစ်ခြင်းတရားမှာ
အချိန်အကန့်အသတ် ဆိုတာမျိုးတွေနဲ့
သံသယတွေက...
ဆက်နွယ်မနေပါဘူး အစ်ကို...

***

အစ်ကိုက ကျွန်တော့်ကို

အမှန်တကယ်ကို မုန်းနေသည်ပဲ...


"မင်းကို ဘယ်လိုပြောထားလဲ? အခုတစ်ခါ ငါ့ဆီရောက်လာရင် ငါ ဘာလုပ်မယ် ပြောထားလဲ?"


မနေ့က အဖြစ်အပျက်များကို တွေးနေရင်းပင် စိတ်မရှည်နိုင် ဖြစ်နေမိသည်...။ ကိုယ့်အပေါ်ကို အသည်းနှလုံးထဲထိ နစ်နေသည့် ဆူးတစ်ချောင်းကို စိုက်သွင်းခဲ့ပြီး တစိမ့်စိမ့်နဲ့ တွေးရင်း နာရင်းနဲ့ပင် ထိုအနာက အဲ့ဒီလောက်ထိ နင့်နေတာမျိုးပင်...။


မနေ့က အကြောင်းကို တွေးမိသည်...။ နာကျင်မှုနှင့်အတူ ရက်စက်မှု အရာအားလုံးကို ပျိုးထောင်ခဲ့သည့် အရင်းအမြစ်ကို တတ်နိုင်သမျှ ရက်စက်ဖို့ ကြိုးစားခဲ့မိသည်.။


သို့ပေမယ့်...
ဒီနှလုံးသား....


ဒီနှလုံးသားက ရူးမိုက်ခဲ့ဖူးသည်ကို နှစ်တွေ ကြာညှောင်းခဲ့တာပင် မမေ့နိုင်ခဲ့သေးသည့် အရာကတော့ ချစ်ရသည့် လူ၏ မျက်ရည်သာမဟုတ်... အနည်းငယ် ငြိုငြင်မှုကိုတောင် မခံနိုင်ခဲ့...။

ထိုအရာအပေါ် ထပ်ပြီး ကျရှုံးမှုကို မလိုလားသည်မို့ ထိုအရာကို တွန်းထုတ်ကာ... ပြန်လာခဲ့မိသည်...။ သို့ပေမယ့် နောက်ကွယ်မှာ ကျန်နေခဲ့သည့် ထိုအရာ၏ ပြိုလဲမှုက မိမိနှလုံးသားကို နာကျင်လွန်းတာမို့ အသက်ရှုတောင် မရဘဲ ရင်ဘတ်အစိုင်အခဲ တစ်နေရာက နာကျင်လွန်းလို့ မေ့မျောမတက် ရှိနေသည်....။


ထိုခံစားချက်က နှစ်တွေ အကြာ အချိန်၏ ကုစားမှုနှင့် ပျောက်ဆုံးသွားပြီ ထင်ခဲ့သော်ငြား အခုတော့ဖြင့် ထိုခဏနောက်မှာပင်.... ခံစားမှုတို့ နောက်မှာ လူက အရင်တုန်းက ရူးမိုက်ခဲ့သည့် ခံစားချက်များက တစ်ချိန်ပြန်လည်၍....။


အရင်တုန်းက မင်းဘာပြောခဲ့လဲ?
မင်းပဲ ငါ့ကို မလိုချင်ကြောင်း ပြောထားတာပဲလေ...။
ငါက မင်းအနာဂတ်ကို ဖျက်ဆီးတာမျိုးဆို.... တွေးရင်းနဲ့ အဲ့ဒီတစ်နေ့က ....


ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now