အပိုင်း (၁၃)

6.6K 458 49
                                    

{Unicode}

လုပ်ရဲရင် လုပ်ကြည့်လိုက်လေ...
ငါက ချစ်လည်း ချစ်တတ်သလို
ငါ လုပ်ချင်ရင်လည်း....

***

ယခင်အပိုင်းမှ အဆက်...

"ဘယ်လိုလဲ? အဆင်ပြေရဲ့လား... ကိုယ့်အိမ်လိုပဲ သဘောထားနော်... အငယ်လေး...။ ဒီကောင်ကြီးက အရမ်းကြမ်းပေမယ့် စိတ်ထားအရမ်းနူးညံ့တာ..."

အိမ်ရှေ့ တံစက်မြိတ်မှ ရေကျသံတို့ ကြားနေရသည်။ မကြာသေးမီက ရွာကျသွားသည့် မိုးရေများက အိုင်အဖြစ် ထွန်းလျက်ပင်...။ အခုထိတော့ မိုးတဖွဲဖွဲ ရှိနေတုန်းပင်...။

ကျွန်တော်တို့ ကျောင်းမှာ တွေ့ပြီး မိုးသည်းထဲမှာတော့ ကျွန်တော် မလွတ်မြောက်နိုင်တော့။ အစ်ကို့နောက်ကို အသာတကြည်ဖြင့်ပင် လိုက်ပါမိခဲ့သည်။ အစ်ကိုကတော့ ကျွန်တော့်ကို ကားဂိတ်ရှိသည့် မြို့ပေါ်က သူ့သူငယ်ချင်း အိမ်ကို ခေါ်သွားသည်။

အိမ်ကိုတော့ အခြေအနေ ကြည့်ပြောဖို့ အစ်ကိုက သူ့ငယ်ချင်းကို မှာထားသည်တဲ့...။ ကျွန်တော်တို့ အဲ့ဒီကို ရောက်တော့... မိုးရေများဖြင့် စိုရွှဲနေလေပြီ...။ နှစ်ယောက်သား မိုးမိပြီး ချမ်းချမ်းစီးစီးမို့ ရေချိုးပြီး အင်္ကျီလဲထားမိသည်။ ကျွန်တော်ကတော့ အစ်ကို့အ၀တ်အစားနဲ့ပေါ့...။

ခဏအကြာမှာတော့ အစ်ကိုက ကျွန်တော့်ကို လာခေါ်ပြီး ထမင်းစားဖို့ ပြောလေသည်။ ကျွန်တော်လည်း သူခေါ်ဆောင်ရာနောက် တိတ်ဆိတ်စွာပင် လိုက်ပါမိသည်။ ထမင်းစားပွဲရောက်တော့ သူ့သူငယ်ချင်းက အမှန်တကယ် ဖော်ဖော်ရွေရွေဖြင့်ပင် ကျွန်တော်တို့ ထမင်းစားတာကို ယပ်ခပ်ပေးနေသည်...။

"ခါကြီး... စားနော်...။ ဘာမှအားမနာနဲ့... ပြီးတော့ မြို့ထဲ လက်ဖက်ရည်ထိုင်ပြီး စကားလေး ပြောကြတာပေါ့..."

ထိုအချိန်မှာတော့ အစ်ကိုက ခေါင်းကို ဘယ်ညာခါရမ်းလိုက်တာမို့...

"ဘာဖြစ်လို့လဲ? သူတစ်ယောက်တည်း ပျင်းနေမှာစိုးရင် သူ့ကိုပါ ခေါ်ခဲ့လိုက်လေ..."

"မဟုတ်ဘူး ငါ မသွားချင်လို့..."

အစ်ကိုနှင့် အစ်ကို့သူငယ်ချင်း အဆင်မပြေ ဖြစ်နေချိန်မှာတော့ ကျွန်တော်လည်း ထမင်းစားနေရင်းမှပင်...

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now