{Unicode}
..Hk!..
ကျုပ်က သူမရှိရင်
ရူးတော့မယ့်...သူ...။***
နောက်တစ်နေ့...
ကျွန်တော်တို့ သီတင်းကျွတ် အခါမှာတော့ နှစ်စဥ်လပြည့်ကျော် တစ်ရက်နေ့တိုင်း ကျွန်တော်တို့ မီးထွန်းပွဲတွေ ရှိသလို နေ့ဘက်မှာတော့ ဂါရဝပြုပွဲတွေ ရှိသည်။
အိမ်ကတော့ အိမ်ကို အမေ့ထက် ငယ်သည့်သူများက လာကန်တော့လိုက်... ကျွန်တော်က အမေ့ထက်ငယ်တဲ့ ဒွေးလေးများကို ကန်တော့လိုက်ဖြင့် အပြန်အလှန် ဖြစ်နေသည်....။
"ကူးငယ်ရေ... တောင်ပိုင်းက... မင်း ဒွေးလေးမူတို့ဆီ သွားကန်တော့လိုက်ဦးနော်။ ပြီးတော့ မင်းဆရာ ခါနွေဦးကိုရော ကန်တော့လိုက်ဦး...။"
အမေကတော့ အခါရက် နှမ်းမုန့်ကြော်လုပ်ထားသည်များကို ဘေးအိမ်နီးချင်း... အိမ်ကိုလာသည့် သူများပါ မကျန်ဝေငှပေးနေသည်။ ကျွန်တော်ကတော့ အမေ့ရဲ့ ထိုစကားနောက်မှာ ကန်တော့ဖို့အတွက် ပစ္စည်းတွေ ပြင်ရင်းမှ... မနေ့ညက အစ်ကိုပြောခဲ့သည့်စကား....
"မင်းက ငါပိုင်တဲ့ ငါ့နေရာနော်...။ ငါမပါဘဲ ဘယ်ကိုမှ သွားဖို့မကြံနဲ့...။ ကြပ်ကြပ်သတိထား....။ တွေ့ရင် တွေ့တဲ့နေရာ... ငါလုပ်ချင်သလို လုပ်မှာနော်...။"
အစ်ကို့စကားနောက်မှာတော့ ကျွန်တော် ကန်တော့ဖို့ကိစ္စ အစ်ကို့ကို အသိပေးသင့်သည်မို့... သူ့ဆီကို ဖုန်းဆက်ဖို့ ကြံပါသေးသည်... သူ့ဆီက ချက်ချင်းဆိုသလို ဖုန်းလာလေပြီ။
ရုတ်တရက်မို့ ကျွန်တော် လန့်သွားပေမယ့်...
"Hello..."
"အင်း...အိမ်လာခဲ့ဦး..."
ထိုစကားနောက်မှာတော့ ကျွန်တော် ဘာစကားမှထွက်မလာခင် အစ်ကို့ဘက်မှ ဖုန်းချသွားလေပြီ။ ကျွန်တော်လည်း ဘာမှမပြောဘဲ အစ်ကို့အိမ်သို့သာ....
"မေမေ... ကူးငယ် အစ်ကိုတို့အိမ် ခဏ သွားမယ်နော်...။"
"ခါနွေတို့ အိမ်လား? တစ်ခါတည်း ကန်တော့ခဲ့လေ...။"