အပိုင်း (၈)

8.2K 546 26
                                    

{Unicode}

... အိန္ဒြေ
ငါ့နောက်ကို လိုက်ရဲလား?...

***

ယခင်အပိုင်းမှ အဆက်...

အစ်ကိုက ကျွန်တော့်ကို တင်းကြပ်စွာ သိုင်းဖက်ထားသည်။ လွှတ်ပေးဖို့ မကြိုးစား... ကျွန်တော်က အစ်ကို့ရင်ခွင်ထဲ ပျော်၀င်နေမိသည်။ ခန္ဓာကိုယ်နှစ်ခု၏ ထိယှက်မှုက အပူငွေ့များ အဖြစ် ပြောင်းလဲပြီး ကျွန်တော်က အစ်ကို့ရင်ခွင်ထဲ ချွေးစတို့ဖြင့် ရှိနေမိသည်။

ခဏအကြာမှာတော့ အစ်ကို့ထံမှ အသက်ရှုသံ ညှင်းညှင်းနှင့်အတူ အစ်ကို့ပွေ့ဖက်မှုက အနည်းငယ် ပြေလျော့သွားသည့် အချိန်မှာတော့ ကျွန်တော် အစ်ကို့ရင်ခွင်ထဲမှ လွှတ်မြောက်ဖို့ ပြင်မိသည်။

အစ်ကို့ရင်ခွင်ထဲမှ တဖြည်းဖြည်းတရွေ့ရွေ့ လှုပ်ရှားကာ လွှတ်မြောက်ဖို့ ကြိုးစားမိသည်။ ကျွန်တော့်အပေါ် တင်းကြပ်စွာ ပွေ့ဖက်ထားသည့် အစ်ကို့လက်များကို ဖြည်းညှင်းစွာ ဖယ်ထုတ်လိုက်ပြီး အသက်တောင် မရှုဘဲ တရွေ့ရွေ့...။

ခဏအကြာ လွှတ်မြောက်သွားသည့် တစ်ခဏမှာတော့ ကျွန်တော် အသက်၀အောင် ရှုလိုက်မိသည်။ နောက်တော့ နောက်မှာ ရှိနေသည့် အစ်ကို့ထံမှ ဘယ်လိုအမူအရာရှိလဲ မသိတော့ဘဲ အစ်ကို့အိပ်ခန်းမှ ထွက်ကာ ပြေးဆင်းလာမိတော့သည်။ အစ်ကို့လက်အောက်မှာ ရှိနေသည့် ကျွန်တော့်စာအုပ်များကို မယူတော့ဘဲ အောက်သို့ ဆင်းလာမိသည်။

အစ်ကို့အခန်းထဲမှ အလောတကြီး ထွက်လာပြီး ဘုရားခန်းမှ ခြေဖွဖွနင်းကာ အပြင်မှ အခြေအနေကို ကြည့်လိုက်မိသည်။ တော်ပါသေးသည်... အခုချိန် ညပိုင်းမို့ နိုင်ငံခြားဇာတ်လမ်းတွဲဖြင့် အဆင်ပြေနေသော ကာလမို့ ကျွန်တော်လည်း သတိ၀ီရိယဖြင့် လှေကားလက်ရန်းကို ကိုင်ပြီး ဆင်းလာမိသည်။

အစ်ကို့အိမ်၀ိုင်းထဲမှာတော့ မီးပျပျ လင်းနေပြီး လူသံအနည်းငယ်ဖြင့် ရှိနေသည်။ သို့ပေမယ့် ဘယ်သူမှ ကျွန်တော့်ကို အလေးထားမိဟန် မရှိ။ ထိုအရာကပင် ကျွန်တော့် အသက်ရှု၀ံ့တာ ဖြစ်သည်။

အိမ်၀ိုင်းတစ်ခုလုံးမှ လူများက သူ့အလုပ်နှင့်သူ ရှုပ်​နေပြီး ဒီကို လာတုန်းက သတိထားမိသည့် တင်းကုပ်အောက်မှ အစ်ကို့သူငယ်ချင်းများကို တစ်ချက်ကြည့်မိတော့ တင်းကုပ်အောက်မှ ဘယ်အရိပ်အယောင်မှ မရှိတော့တာမို့ သက်ပြင်းချနိုင်ပြီဖြစ်သည်။

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now