{Unicode... ငါ ခေါ်နေတုန်း လာပါ...
ဒီ့ထက် လွှတ်သွားရင် အိမ်ဝိုင်းထဲထိ
ဝင်ဆွဲရလည်း ကိစ္စမရှိဘူးနော်...****
ယခင်အပိုင်းမှ အဆက်...
နံနက် ၈ နာရီ..
တဖြည်းဖြည်းနဲ့ အချိန်ကုန်ဆုံးလာချိန်မှာတော့ နေရောင်ခြည်က တဲအမိုး ထန်းရွက်အစွန်းမှ ကျွန်တော့်မျက်နှာပေါ်သို့ အနှံ့အပြား လာရောက်မိတ်ဆက်စဉ်မှာတော့ ကျွန်တော်လည်း အိပ်ရာမှ နောက်တစ်ကြိမ် နိုးလာမိတော့သည်...။
နေက အတော်လေးကို မြင့်လာသည်ကို အစ်ကို့ကို တစ်ချက်ကြည့်ကာ ခေါင်းရင်းမှ အစ်ကို့ဖုန်းကို ယူကြည့်မိလိုက်တော့ မနက်ရှစ်နာရီကျော်နေပြီ ဖြစ်သည်...။
ကျွန်တော်လည်း ထိုအချိန်မှပင် အစ်ကို့ကို ကြည့်လိုက်မိတော့ အစ်ကိုက အိပ်ပျော်နေသည့် အကြားမှ ကျွန်တော့်ကို သူ့ရင်ခွင်ထဲသို့ ဇွတ်အတင်း ပြန်ထိုးထည့်သည်...။ ကျွန်တော်က အသက်ရှု ကြပ်တာမို့ သူ့ရင်ခွင်ထဲက အပြင်ကို ထွက်မိတော့ အစ်ကိုက ပြန်ဖက်ထားပြီး....
"နေပူတာကို... ငြိမ်ငြိမ်နေ... လည်ပင်း လိမ်ချိုးသတ်ပစ်လိုက်မယ်..."
အစ်ကိုရဲ့ထိုစကားနောက်မှာတော့ ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ ငြိမ်နေမိလိုက်သည်...။ ကျွန်တော့်မှာတော့ ဘာမှမပြောဘဲ အစ်ကို့ရင်ခွင်ထဲမှာပဲ ငြိမ်ငြိမ်လေး ရှိနေမိသည်...။ မိနစ်အနည်းငယ်အကြာမှာတော့ အစ်ကိုက သူရဲ့ မျက်လုံးများကို ပွတ်သပ်ကာ ရှိလာပြီးသည့်နောက်...
"... ပြန်ချင်တာလား?"
ထိုစကားနောက်မှာတော့ ကျွန်တော်လည်း အစ်ကို့အ ခြေအနေကို တစ်ချက်ကြည့်ကာ ခေါင်းကိုသာ ညိမ့်ပြလိုက်မိသည်...။ ထိုအခါမှာတော့ အစ်ကိုက အိပ်ရာမှ ဖြည်းညှင်းစွာ ထကာ... တဲပေါ်မှ ခုန်ကာ ဆင်းသွားလေသည်...။
ထို့နောက် အစ်ကိုက ခေါင်းပေါ်မှ ဆံပင်ကြမ်းကြမ်းများကတော့ ပုံသဏ္ဍာန်မကျ... အစ်ကိုပြေးလွှားမှု အရှိန်ကြောင့်ပဲလား? မနက်ခင်းလေနုအေးကြောင့်လား မသိတော့...