အပိုင်း (၂၁)

5.8K 391 41
                                    

{Unicode}

... ပြတ်သားတဲ့ သူ...
စိတ်နာသွားတာက... စိတ်ကောက်တာမဟုတ်လို့ ချော့မရပါဘူး...။

***

သုံးနှစ်ခန့် ကြာသော်...

'... ငါ့အချစ်က အတ္တလို့ သဘောထားနိုင်ပေမယ့်... ငါ လူတစ်ယောက်ကို ဘယ်တော့ကမှ အောက်ကျ မခံဖူးဘူး...'

'ဟုတ်တယ်... ငါက မင်းဘဝကို ပျက်စေနိုင်တဲ့ လူတစ်ယောက်...
မင်းက ငါ့အတွက်နဲ့ သိက္ခာတရားကို ထိခိုက်မှာ ကြောက်နေတယ်...
ဟုတ်ပြီ ချနင်းသွားလိုက်...'

'ဒီကောင်က မင်းအတွက်နဲ့ မင်းကို ချစ်ကတည်းက သိက္ခာတရားကို ခေါင်းထဲ ထားခဲ့တာ မဟုတ်ဘူး...'

'ငါ့ကို ချနင်းပြီး မင်းဖြူစင်ပါစေ...
မင်း အနာဂတ် မင်းလမ်းမှာ ငါဆိုတာ ထပ်မမြင်စေရဘူး ...
စိတ်ချ...'

'မင်း တစ်ယောက်တည်းမှာပဲ အနာဂတ်ရှိတာ...
ငါ့မှာ မင်းကို ရူးသွပ်ကတည်းက အနာဂတ် မရှိတော့...။ အနာဂတ်ဆိုတာကို မျက်ကွယ်ပြုထားတာ...။'

မလှမ်းမကမ်းမှာ တွေ့ရသည့် လူတစ်ယောက်ကြောင့် ကျွန်တော့်ရဲ့ အာရုံများပင် မျှောလွှင့်သွားရပါသည်...။

ဟုတ်တယ်...
အစ်ကို... သတ်မှတ်ထားသည့် မိသားစုတစ်ခုနဲ့ ရှိနေသည်...။

ကျွန်တော်ကတော့ လမ်းမှာ မျက်နှာချင်းဆိုင် မတော်တဆတောင် အကြည့်မဆုံကြတော့သည့် အရင်းနှီးဆုံး သူစိမ်းတွေ...။

အစ်ကိုကတော့ ကျွန်တော့်ဘက်သို့ လုံးဝမကြည့်လာဘဲ သူ့မိသားစုဖြင့်သာ...
ဝေး၍... ဝေး၍...
အဝေးဆုံးတစ်နေရာ အရောက်မှာတော့ အစ်ကိုက ကျွန်တော့်ဘက်သို့ ကြည့်လာပြီး... ခပ်ရွဲ့ရွဲ့ ပြုံးပြလာသည်....။

'ဂုဏ်သရေရှိ ကျောင်းဆရာဖြစ်လာမယ့် သူကြီး မင်္ဂလာပါဗျာ...'

အစ်ကို့ရဲ့ ခပ်ရွဲ့ရွဲ့ စကားနောက်မှာတော့ ကျွန်တော့်မျက်ရည်တို့ ဝိုင်းကာ တက်လာသည်...။ ခဏအကြာမှာတော့ အစ်ကိုက သူ့လက်ထဲမှ ကလေးကို ချကာ ကျွန်တော့်ဆီသို့ ပြန်ရောက်လာပြီး သူ့လက်ထဲက ဓားမြှောင်တစ်ခုနဲ့ ကျွန်တော့်ဗိုက်ထဲသို့ အချက်ပေါင်းများစွာ...

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now