အပိုင်း (၁)

12.4K 666 41
                                    

{Unicode}

... တကယ်တော့
ပိုင်ဆိုင်လိုမှုဆိုတာ
အနားသတ်မညီတဲ့ ဘောင်မျဥ်းတွေလိုပါပဲ...

***

... နွေမိန် တပေါင်း...
နေရှိန်လောင်း ရွက်ဟောင်းကြွေကျ
မြေ ခ ခဲ့ပြီလေ။

... နွေဦးရောက်လို့ နှင်းလည်း ပျောက်ပြီလေ ...

တပေါင်းလပြည့်ကျော် ၁၂ရက်...

"ကူးငယ်ရေ... ကူးငယ်...။ သြော် ဒီကလေး ဘယ်ရောက်သွားပြီလဲ မသိ။ ကူးငယ်ရေ..."

"ဗျာ..ဗျ... မေမေ... ။ အိန္ဒြေ မင်းသွေးတို့ အိမ်မှာ။"

"ဖရဲသီးတွေ... စားနေပြန်ပြီမလား? ဘယ်လိုမှန်း မသိဘူး။ အအေးစာတွေကို အလိုကြိုက်တာပဲ။ ဒီကို ခဏ လာခဲ့ဦး... သားငယ်ရေ...။"

"ဟုတ်... ဟုတ်ကဲ့ မေမေ... သား လာပြီ။"

"မင်းသွေး... ငါ ပြန်မယ်နော်။ ဟိုမှာ မေမေက ခေါ်နေပြီနော်။ နောက်မှ ပြန်လာခဲ့မယ်။"

ကျွန်တော်လည်း မင်းသွေးတို့အိမ်ထဲမှ ထွက်ကာ ကျွန်တော့် အိမ်ဘက်သို့ ထွက်လာမိသည်။ အိမ်ထဲသို့ ခပ်ငြိမ်ငြိမ် လျှောက်လာမိပြီး.... မီးဖိုခန်းထဲမှာ မျိုးစေ့ရွေးရင်း အလုပ်ရှုပ်နေသည့် မေမေ့ဆီသို့ ...။

ဇကောထဲ ထည့်ထားသည့် ပဲကြီးစေ့များကို အသေးစေ့၊ ပိုးစားရွေးနေသည့် မေမေ့ဘေးအနား ထိုင်ကာ ထိုဇကောထဲမှ ပဲကြီးစေ့များကိုပါ ရွေးချယ်ပေးလိုက်မိသည်။ မေမေကတော့ ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး... သူ့လက်ထဲမှ ဇကောအား အဖျင်းအလေ့များကို ပျာထုတ်လိုက်သည်။ ထို့နောက်...

"... တစ်နေ့ တစ်နေ့... မုန့်စားလိုက် အိပ်လိုက်ပဲ လုပ်မနေနဲ့။ ကျောင်းက ပြန်တက်တော့မှာ။ ကျောင်းစာလေး သင်ဖို့ ကြိုးစားဦး။"

"မေမေကလည်း ရွာထဲမှာ ရှစ်တန်းသင်တဲ့သူ မရှိဘူးလေ။ ဟို တောင်ပိုင်းက အစ်ကိုတစ်ယောက်ဆီကျ မေမေက စိတ်မချလို့ မထားပြီးတော့...."

"ဟဲ့... ဟိုက ရိုးသားတာမှ မဟုတ်တာ။ ဒီအတိုင်း မင်းကို ကြည့်ရင်တောင် စားမတတ် ၀ါးမတတ်။ ခဏ ခဏ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ ကလေးကို ကြည့်မရပါဘူး။"

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now