အပိုင်း (၆)

7.5K 526 12
                                    


{Unicode}

... ငါက မင်းကို ...

အဲ့ဒီနေ့ကတည်းက အစ်ကိုနှင့် ပြေလည်ပြီးသည့်နောက် အစ်ကို့စကားကို တစ်ခွန်းမကျန် နားထောင်မိသည်။ ထို့နောက် ကျွန်တော်နှင့် အစ်ကိုက အတော်လေးကို ရင်းနှီးလာပါသည်။

တစ်ခါတစ်ရံ အစ်ကို တောထဲသွားရင် လိုက်သွားတတ်ပြီး အစ်ကိုကလည်း ကျွန်တော့်ကို လိုက်ပို့တတ်တာမျိုးတွေ ရှိပါသည်။

အခုလဲ စာသင်ဖို့ လာရင်းမှ အစ်ကိုက လယ်ထဲ ရေယူသွားဖို့ ပြင်တာကြောင့် ကျွန်တော်လည်း လက်ထဲက စာအုပ်များကို ချကာ အစ်ကိုနှင့်အတူ လိုက်သွားဖို့ ပြင်နေမိသည်။

အစ်ကိုက ၀ါးဖက်ဦးထုပ်ကို ဆောင်းပြီး တူရွှင်းပြားကိုင်ထားသည့် အစ်ကို့နောက်မှ ခပ်သွက်သွက်လိုက်ပါမိသည်။ ထို့အတူ အစ်ကို့ထမင်းထုပ်ပါ ပိုက်ခဲ့လိုက်ပြီး ရွာလမ်းမအတိုင်း လယ်ကွင်းများ ရှိရာသို့...။

ခြေလှမ်းမြန်သည့် အစ်ကို့နောက်သို့ ခပ်သွက်သွက် လိုက်ပါမိသည်။ အစ်ကိုကတော့ လယ်ကွက်တစ်ကွက်ပြီး ကျော်လွှားပြီး သူတို့လယ်ကွက်ရှိရာ တစ်နေရာ၌ ကန်သင်းရိုးပေါ် ရပ်တန့်လိုက်ပြီး သူ့နောက်မှ လိုက်ပါလာသည့် ကျွန်တော့်ဆီသို့။

"ဟိုက မန်ကျည်းပင် အောက်မှာပဲ စောင့်နေ... ဘယ်မှမသွားနဲ့နော်။ အဲ့ဒီထဲက မုန့်တွေ မင်းအတွက် ယူလာတာ အကုန်စားလိုက်..."

အစ်ကို့စကားနောက်မှာတော့ အစ်ကိုညွှန်ပြသည့် မန်ကျည်းပင် ရှိရာသို့ ကန်သင်းရိုးအတိုင်း သွက်သွက် သွားလိုက်မိသည်။ ထို့နောက် မန်ကျည်းပင် အောက်မှ နေရာအနည်းငယ် ရွေးကာ ထိုင်လိုက်ပြီး... ယူလာသည့် ၀ါးပလုံးတောင်းကို လက်ကိုင်ပု၀ါ အကြီးစားအတွင်းမှ ဖွင့်ကြည့်လိုက်မိသည်။

တစ်လမ်းလုံး သယ်လာခဲ့သည့် ဒီအရာက အစ်ကို့မနက်စာအတွက် ထင်ထားခဲ့သော်ငြား လက်စသတ်တော့ ပလုံးတောင်းအပြည့် မုန့်များ ထည့်ထားတာပင်။ ပြီးတော့ ထိုအရာကို ကျွန်တော့်အတွက်ဟုလည်း ပြောပါသေးသည်။

နွေရာသီ အကုန်...
တန်ခူးလဆန်းအပိုင်းမှာတော့ နွေရာသီသရုပ် လက်ပံ၀ါ၀ါများ၊ ပေါက်ပန်းပွင့်များက ကွယ်ပျောက်သွားလေပြီ။ ရွက်၀ါကြွေများအစား ရွက်သစ်များအဖြစ် ပုရစ်ဖူးလေးများက အစားထိုး ၀င်ရောက်လာလေပြီ။

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now