{Unicode}
... ဒါဆို ငါက မင်းကို...
ငါ့အပိုင် အနေနဲ့ တိုလို့ ရပြီပေါ့...။****
ယခင်အပိုင်းမှ အဆက်....
"တကယ်... ကျွန်တော် ခင်ဗျား တစ်ခုခုဖြစ်မှာ အရမ်းစိုးရိမ်မိလို့ပါ...
အဆင်မပြေဘူးဆိုတဲ့ စကားရဲ့နောက်မှာ... ဘာကိုမှ မစဥ်းစားနိုင်လောက်တဲ့အထိ ဖြစ်ခဲ့မိလို့ပါ...."ဒီရင်ထဲ မွန်းကြပ်မှုနှင့်အတူ အကုန်လုံးကို စွန့်ကျဲ ထုတ်လိုက်မိတော့သည်...။ တကယ်ကို မခံစားနိုင်တော့တာမို့...။
အတော်ကြာသည့်အထိ မျက်ရည်များကို ကျဆင်းခွင့် ပေးလိုက်ပြီးသည့်နောက်... ကျွန်တော် ခပ်တွေတွေ ရပ်နေမိသည်...။
အစ်ကို့ဆီကတော့ ဘာစကားမှ အချိန်အတော်ကြာသည့်အထိ ထွက်မလာသည့် အချိန်မှာတော့ ကျွန်တော်လည်း မျက်ရည်များကို သုတ်ကာ....
"ဒါဆို... အိန္ဒြေ ပြန်တော့မယ်... အစ်ကို...။"
သူ့ကို နူတ်ဆက်ကာ သူ့ရှေ့က ထွက်လာဖို့ ပြင်မိလိုက်ပေမယ့် အစ်ကိုကတော့....
"ဘယ်ကို ပြန်မှာလဲ?"
"အိန္ဒြေ... ကျောင်းက ခွင့်ယူပြီး အိမ်ကို ပြန်တော့မလို့ပါ...။"
တဆစ်ဆစ် နာကျင်နေသည့် ရင်အစုံကို ဖိနှိပ်ကာ အစ်ကို့အနားက ထွက်သွားဖို့ ပြင်လိုက်မိသည်...။
"အိန္ဒြေကူးငယ်... မင်းကို ပြန်လာခဲ့လို့ ပြောနေတယ်နော်...။ မင်းကို ငါ သတ်မပစ်ခင် လာခဲ့လိုက်တော့...."
နောက်ဘက်မှ အစ်ကို့အသံကို ကြားရပေမယ့်ခြေလှမ်းတို့ မယိုင်လဲမိအောင် တည့်တည့်မတ်မတ် လျှောက်နိုင်အောင် ကြိုးစားခဲ့ပြီး အစ်ကို့ရှေ့မှ ထွက်လာခဲ့မိသည်...။
အစ်ကိုကတော့ သူ့ပုံစံအတိုင်း ကျွန်တော့်ကို တားဖို့ လုပ်ပါသည်...။ ဒါပေမယ့် အစ်ကို အခုလို တားသည်က ကျွန်တော့်ကို ပိုပြီး ဝမ်းနည်းစေသည်...။ အစ်ကိုက တားပေမယ့် စကားလုံးများနှင့် ထိုးနှက်ဖို့ ဖြစ်သည်....။
ခဏအကြာမှာတော့ အစ်ကို့အိမ်က ခြံစည်းရိုး တံခါးပေါက်ကို တွန်းဖွင့်ဖို့ ကြံစဥ်မှာပင် နောက်ဘက်မှ တစ်စုံတစ်ယောက်ရဲ့ ပွေ့ချီမှု....။