Extra

2.6K 182 47
                                    

{Unicode}

... အစ်ကိုဆိုသည်မှာ...

မြူမှောင်ဝေကင်း... ငွေအဆင်း ဆန္ဒ ပြည်ထောင်

တိုင်းမြန်ပြေ... အေးချမ်းအောင်ဆု သွန်းခါရေ...

အေးစေကြောင်း လောင်းတဲ့လုံမေ...အေးအေး မြမြ ရှိကြပါစေ...။

အဆင်ပြေ... မြင်ရသူ ကြည်နူးလောက်ပေ...
သံသာ ချိုမြမြ ဆိုတေးလေးတွေ...
မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ... ယဥ်ကျေးသူရေ...

သင်္ကြန်...

နှစ်သစ်ကူး အတာသင်္ကြန်ပင် ဖြစ်သည်...။ သင်္ကြန်ရက်တိုင်း ရေကစားထွက်ပြီး ပျော်ပါးဖို့ အစီအစဉ် ရှိပေမယ့် ဒီနှစ်ကတော့ မရတော့ပါ...။ ကျန်တဲ့ အရာကြောင့်တို့ မဟုတ်...။ ဒီနှစ်မှာတော့ အစ်ကို့ရင်သွေးလေးကို လွယ်ထားရသည့် အချိန်မို့ပင်..။ အခုဆိုရင် နေ့စေ့ လစေ့နဲ့တောင် ရှိနေပြီ ဖြစ်သည်..။ ထင်သည်တော့ သားလေးက အစ်ကို့လိုမျိုး နွေရာသီမှာ မွေးဖွားသည့် ကလေး ဖြစ်မယ့်ပုံ ပေါ်ပါသည်...။

ဒီနှစ်မှာတော့ သူများတွေလို ရေမဆော့ခိုင်းမယ့် အတူတူ ကျွန်တော် အိမ်ရှေ့မှာ မဏ္ဋပ်လေး ဆောက်ဖို့ စီစဉ်ထားသည်။ မုန့်လုံး လုံးမည်..။ ရေကုသိုလ်နှင့်အတူ အခါအတွင်း ဉပုသ် သတင်းယူသည့် ဉပုသ်သည်များကို နေ့ဆွမ်း..၊ အဖျော်ရည် အချိုပွဲများ ကုသိုလ်ပြုဖို့ ပြင်ထားမိသည်။

အိမ်က အရီးမြအေးပါ မကျန် အိမ်ကို အလုပ်လာလုပ်သည့် ကလေးမများပါ ကျွန်တော်တို့ အိမ်ရှေ့ သင်္ကြန် မဏ္ဋပ်လေး မြင်ချင်တာပင် ဖြစ်သည်။ သို့ပေမယ့် အစ်ကို့ကို မပြောရဲကြ။ အဲ့ဒီတော့ အစ်ကို့ရဲ့ အိမ်သားဖြစ်သည့် ကျွန်တော်ကသာ အစ်ကို့ကို ထိုအကြောင်း ပြောကြားဖို့ ပြင်မိတော့သည်..။

အစ်ကိုကတော့ လယ်ကွက်ထဲမှာ နွေရာသီ နှမ်းပင်ပေါက် ရဖို့ အသည်းအသန် ကြိုးပမ်းနေသည်။ အခုလဲ ကြဲထားပြီး လေးရက်အတွင်းမှာ အပင်ပေါက် ရနေသည့် နှမ်းခင်းကို ကြည့်ပြီး ပြန်လာချိန် ဖြစ်သည်။

ကိုယ်ဝန် အရင့်အမာနဲ့မို့ လယ်ကွက်ထဲကို လိုက်မလာဖို့ သေချာပြောကြားထားသည်မို့ အစ်ကို ပြန်လာသည့် အချိန် ခူးလာသည့် ဟင်းရွက်များကို ကြည့်ကာ သွားရည် ကျနေမိသည်။ အစ်ကိုကရော သူပြန်လာသည်နှင့် ခဏနားပြီး ထမင်းစားနေပြီ ဖြစ်သည်။

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now