အပိုင်း (၁၁)

6.6K 460 50
                                    

{Unicode}

...ဟုတ်တယ် ငါက အဲ့လိုကောင်...
မင်းမရှိရင် မဖြစ်တဲ့ သူ အိနြ္ဒေ။
မင်း ကြောင့် ရူးနေတဲ့သူ...။

သူတို့ ဘာပဲပြောပြော ငါက သောက် ဂရုမစိုက်ဘူး...။

****

ယခင်အပိုင်းမှ အဆက်....

"အိနြ္ဒေ ငါနဲ့လိုက်ခဲ့..."

အစ်ကို့မျက်နှာ ကြည့်ရတာ ခက်ထန်မှုအပြည့်ဖြင့် ဖြစ်သည်။ သို့ပေမယ့် တတ်နိုင်သမျှ ထိုစိတ်တိုမှုအလုံးစုံကို ဖြေဖျောက်ထားရသလိုမျိုးမို့ ဘယ်အချိန်ပေါက်ကွဲမလဲ မသိသည့် အစ်ကို့စိတ်ကို ချိန်ကိုက်ဗုံးတစ်ခုလိုမျိုး ကြောက်ရွံ့နေမိသည်။

အစ်ကိုကတော့ သူ့သူငယ်ချင်းတွေရှေ့၌ ကျွန်တော့်လက်ကို ဆွဲကာ ဘုရားပေါ်မှ ထွက်လာတော့သည်။ အစ်ကို့ခြေလှမ်းများက မြန်ဆန်နေသည်။  ကျွန်တော်လည်း နောက်မှ ခပ်သွက်သွက် လိုက်နေမိသည်။

အစ်ကို့ပုံစံက ဒေါသအလွန်တရာ ထွက်နေသည့် အနေအထား။ သို့ပေမယ့် ပေါက်ကွဲဖို့ အားယူနေတာပဲလား? မီးအေးနေတာလား မသိ...။

အစ်ကိုက ကျွန်တော့်လက်ကို ဆွဲကာ... ကျွန်တော့်အိမ်သို့ လိုက်ပို့သည်။ ထို့နောက်....

".... ထမင်း အတူစားရအောင်...."

ဟမ်?
အစ်ကို့ဒေါသနဲ့ဆို ဒီအနေအထားက တုန်လှုပ်စရမျိုးဆိုပေမယ့် အစ်ကိုက  တကယ့်ကို စိတ်မဆိုးသည့် ဟန်ဖြင့် ပေးလာသည်။ တကယ်ဆို အစ်ကိုက ကျွန်တော့်ကို တိုနေကျမလား? ဘာဖြစ်လို့ အခုလိုမျိုး....။

"ဟုတ်ကဲ့ အစ်ကို..."

နှစ်ဆန်း သုံးရက်နေ့....

အမေတို့လည်း တရားစခန်းပတ်မှ ပြန်လာပြီ ဖြစ်သည်။ နောက်ပြီး အစ်ကိုက ဒီရက်ပိုင်း နှမ်းကြဲဖို့  လုံးပမ်းနေသည်နှင့် လုံး၀မအားနိုင်သည့် အခြေအနေမှာတော့ ကျွန်တော်လည်း အားလပ်ရက် ရနေမိသည်။

ကျောင်းမှာ နှစ်ဆန်း သုံးရက်နေ့တိုင်း ထုတ်ပြန်သည့် စာမေးပွဲ အောင်စာရင်းကို သွားကြည့်ဖို့ ပြင်နေမိသည်။ ကျွန်တော့် ရွာထဲက သူငယ်ချင်းတစ်ချို့ကို ခေါ်ပြီး ရွာအရှေ့က ကျောင်းဆောင်ဘက်သို့ လျှောက်လာမိတော့သည်....။

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now