Episode 1 ☠

850 111 53
                                    

ခွမ်းးး***

မျက်နှာတည့်တည့်ဆီကို လာရောက်ထိမှန်တဲ့ ဖြူလွလွစာရွက်တွေ... လက်အောက်ငယ်သားတွေ သူ့နောက်မှာရပ်နေတာကိုတွေးမိတော့ ရှက်ရွံသည့်စိတ်ကြောင့် မေးရိုးတွေပေါ်လာသည်အထိ အံကိုတင်းသထက်တင်းအောင်ကြိတ်ထားမိ၏... တင်းတင်းဆုပ်ထားတဲ့ လက်သီးတွေမပြေလျော့သေး... သားရေလက်အိတ်တွေ လက်သီးတင်းတင်းကြောင့် ရှုံ့တွကုန်သည်... အသက်ရှူသံတွေ မြန်ဆန်နေသလို သူ့မျက်စိရှေ့ကလူအား ဘယ်လိုစကားမျိုးတုန့်ပြန်ရမှန်းမသိခဲ့...

အခန်းတစ်ခုလုံးမှာရှိတဲ့ ကြွေထည်ပစ္စည်းတွေ အစိပ်စိပ်အမွှာမွှာပျက်စီးနေလေပြီ... သူ့ရှေ့ကဆံပင်ဖြူလွလွနှင့်လူက ဂေါက်တံတစ်ခုကိုင်ထားလျက် ဒေါသတွေမပြေနိုင်သေး... ဒေါသကပြေလျော့စရာ အကြောင်းလည်းမရှိ...

သူသိပ်ကိုပေါ့လျော့ခဲ့မိတာ...

သူကဌာနချုပ်တစ်ခုလုံးရဲ့ အထူးလျှိုဝှက်အေးဂျင့်တစ်ယောက်ဖြစ်ပေမယ့် သတိပေါ့လျော့ခဲ့မိတာ...

တနုတ်နုတ်ဖြင့် အဖြစ်အပျက်ကိုပြန်တွေးရင်း နှုတ်ခမ်းကိုပေါက်ထွက်လုမတတ်ကိုက်ခဲမိ၏...

"မင်းကို ၆ လတိတိရပ်ဆိုင်းတယ်... သေနတ်နဲ့အတူ ဌာနချုပ်ကပစ္စည်းမှန်သမျှအပ်ခဲ့... ဒါကမင်းအတွက်အလျော့ပေါ့ဆုံးသောပြစ်ဒဏ်ပဲ..."

လက်ထဲကဂေါက်တံကိုလွှတ်ချပြီး အခန်းအပြင်ကိုခြေသံပြင်းပြင်းနဲ့ ထွက်သွားတဲ့သူတို့အားလုံးရဲ့ဆရာ... ဌာနချုပ်ရဲ့ အရေးအပါဆုံးသောခေါင်းဆောင်... ခေါင်းဆောင်ဂိုနမ်ဂျယ်... 

ကြွေပြားပြင်နှင့် ဂေါက်တံထိရိုက်သွားသည့်အသံက အခန်းထဲမှာပဲ့တင်ထပ်လျက်...

ခေါင်းဆောင်ဂိုအပြင်ကို ထွက်သွားပြီဆိုတော့မှ သူစားပွဲပေါ်ကို လက်နှစ်ဖက်ဖြင့်ထောက်ကာ ခန္ဓာကိုယ်လဲကျမသွားအောင် ထိန်းထားလိုက်သည်... ခေါင်းတစ်ခုလုံးချာချာလည်နေခဲ့တာ နာရီပေါင်းမနည်းတော့ချေ...

မူးဝေနေတဲ့ ဦးခေါင်းအတွင်းထဲမှ ဝေဒနာကြောင့် မျက်လုံးတို့ကိုဖိမှိတ်ပစ်သည်... ချာချာလည်အောင်မူးဝေနေသည့်ကြားက မျက်နှာတစ်ခု အာရုံထဲကိုတိုးဝင်သည်...

The Revenge Equation ☠Tempat cerita menjadi hidup. Temukan sekarang