Episode 6 ☠

359 79 15
                                    

*ဒီလိုမျိုး အကျည်းတန်ပြီး လုံခြုံရေးပေါ့ဆတဲ့ ပျောက်ဆုံးမှုမျိုးဖြစ်ပေါ်စေခဲ့လို့ ဝန်ကြီးချုပ်မိုထယ်ဂူ ဘယ်လောက်အတိုင်းအတာအထိ တာဝန်ယူမှာလဲဆိုတာကို နိုင်ငံခြားရေးဝန်ကြီးကနေတဆင့် မေးခွန်းထုတ်ခြင်းခံနေရပါတယ်... နိုင်ငံအတွက် ရုပ်ဆိုးစေတဲ့ဖြစ်ရပ်တစ်ခုဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း အဖြေတစ်ခုခုထုတ်ပေးဖို့ကို မျှော်လင့်နေကြပါတယ်... ၅ ရက်မြောက်နေ့အထိ ထူးခြားတဲ့သတင်းကောင်းတစ်ခုမှ မထုတ်ပြန်ပေးနိုင်ခြင်းအပေါ်မှာ နိုင်ငံတကာနဲ့ပြည့်သူတွေက မေးခွန်းတွေထုတ်ချင်နေကြပါပြီ... ဝန်ကြီးချုပ်က နောက်ဆုံးအချိန်ထိ တာဝန်ယူနိုင်ပါ့မလား... *

လွှတ်တော်ကိုနောက်ခံထားလျက် သတင်းတင်ဆက်သူတစ်ဦး၏ မျက်နှာထားကတည်တည်ကြည်ကြည်...

သတင်းအဆုံးတွင် မကြာသေးခင်က ရိုက်ထားပုံရသည့် မိုထယ်ဂူ၏ပုံကို ထည့်သွင်းဖော်ပြထားသည်... သတင်းဌာနတို့ရဲ့ သဘောသဘာဝအရ လူစိတ်ဝင်စားစေရန် အနည်းငယ်ညစ်နွမ်းနေသည့်ပုံကို ရွေးချယ်ထားလေသည်...

ဤသတင်းကို နေ့တိုင်းစောင့်ကြည့်နေတဲ့ဆော့ဂျင်မှာလည်း ကျေနပ်အားရမှုကြောင့် တစ်ယောက်တည်းအသံထွက်ကာရယ်နေ၏...

ထိုလူကိုအဆုံးထိဆွဲချပစ်ဖို့ ဒါကပထမဆုံးသောခြေလှမ်း...

၅ ရက်မြောက်တဲ့နေ့အထိ ဆေးရုံမှာသာငြိမ်ငြိမ်နေဖို့ ခေါင်းဆောင်ဂျိုဆီကနေ အမိန့်ချထားခံရတာကြောင့်ဒီနေ့ကသူလွတ်မြောက်မည့်ရက်...

အပေါ်ဝတ် သားရေဂျာကင်အနက်ရောင်ကို လက်ကနေဖြည်းဖြည်းချင်းလျှိုဝတ်လိုက်ပြီး ခပ်ပွပွဆံပင်တွေကို လက်ဖြင့်သပ်တင်သည်...

ထို့နောက် အသင့်ပြင်ပေးထားသည့်ဆိုင်ကယ်ဖြင့် သူနဲ့မသက်ဆိုင်တဲ့နေရာတစ်ခုဆီဦးတည်သည်...

ထို့နောက် အသင့်ပြင်ပေးထားသည့်ဆိုင်ကယ်ဖြင့် သူနဲ့မသက်ဆိုင်တဲ့နေရာတစ်ခုဆီဦးတည်သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The Revenge Equation ☠Where stories live. Discover now