Episode 10

318 78 36
                                    

 ကြမ်းပြင်ပေါ်ပျံ့ကြဲနေသည့် တိုလီမုတ်စပစ္စည်းတွေကို စိတ်မရှည်စွာ ခြေဖြင့်ကန်ထုတ်ပစ်လိုက်သည်... ထို့နောက် အခန်းအပြင်ကို ဒုန်းဆိုင်းကာပြန်ထွက်တော့မည်ပြုတော့ ခပ်တိုးတိုးအသံတစ်ခုက နားထဲကိုဝင်လာ၏...

"အေးဂျင့်... အေးဂျင့်ဂျွန်လား..."

အလွန်တိုးဖျော့နေသော အသံတစ်ခုကြောင့် သူချက်ချင်းခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာအသံလာရာကိုရှာသည်... သို့သော် မြင်ကွင်းကလုံးဝအရှင်းကြီး...

"ကင်မ်ဆော့ဂျင်လား... ဘယ်မှာလဲအခု..."

"................."

"ကင်မ်ဆော့ဂျင်... ?"

"ကျွန်တော်အပေါ်မှာ မျက်နှာကျက်အပေါ်မှာ..."

အသံလာရာကိုမှန်းပြီး အပေါ်ကိုမော့ကြည့်စူးစမ်းပေမယ့် မျက်နှာကျက်တစ်ခုလုံးကလည်း ခြေရာလက်ရာမပျက်... အကောင်းပကတိအတိုင်းပင်...

"မျက်နှာကျက်ထဲမှာ... အပြင်ကနေတစ်ဆိတ်လောက်... မျက်နှာကျက်အချပ်ကို ဖယ်ပေးလို့ရမလား..."

အခန်းထောင့်က မျက်နှာကျက်အပေါ်ကို သေသေချာချာကြည့်တော့မှ တစ်ခြားအချပ်တွေနဲ့မတူပဲအနားသတ်နေရာတွင် အက်ကွဲရာလေးတွေထနေသည်...

"နောက်ကိုဆုတ်... ဒီအချပ်ကိုဖွင့်လိုက်မယ်..."

၂ ပေပတ်လည်ခန့်ရှိ အချပ်ကိုဖွင့်ချလိုက်မှ ထိုအပေါ်ကနေ ကြေးစားကောင်ကခုန်ချပြီးဆင်းလာသည်... ခုန်ချရတဲ့ အနေအထားကမမှန်တာကြောင့် လူကဟန်ချက်ပျက်သွားတော့ အေးဂျင့်ဂျွန်မှာအလျင်အမြန်ပင်လှမ်း၍ ထိန်းလိုက်ရသည်... သူတို့နှစ်ဦးမှာ လိုအပ်သည်ထက်ပိုကာ နီးကပ်နေခဲ့ပြီး အေးဂျင့်ဂျွန်ကလည်းထိန်းထားတဲ့လက်ကိုမလွှတ်မိသလို Hwan ကလည်း လှမ်းကိုင်မိတဲ့လက်ကို ပြန်မရုတ်သိမ်းမိ... ကြောင်တောင်တောင်အနေအထားဖြင့် စက္ကန့်အနည်းငယ်ကြာသွားမှ Hwan ဘက်ကနေ လူချင်းခွာလိုက်သည်...

"အဟမ်းးး... ခင်ဗျားးး ခင်ဗျားသာ ဒီထက်နောက်ကျပြီး ရောက်လာမယ်ဆိုရင် ဒုက္ခရောက်တော့မလို့..."

ရေလောင်းချထားသကဲ့သို့ ရွှဲနစ်နေတဲ့ချွေးတွေကို လက်ခုံဖြင့်သုတ်ရင်း ကြမ်းပေါ်တွင်ခြေပစ်လက်ပစ်ထိုင်ချသည်... လူနေဖို့လုပ်ထားတဲ့ နေရာမဟုတ်တဲ့ ခေါင်မိုးနဲ့မျက်နှာကျက်ကြားနေရာတွင် အချိန်ကြာကြာပုန်းနေနိုင်ခြင်းက လွယ်ကူသည်တော့မဟုတ်... ပြီးတော့ နေရာကလှုပ်ရှား၍ မရလောက်အောင်ကျဉ်းလွန်းသည်... လေလည်းလုံးဝမဝင်သော နေရာကျဉ်းကျဉ်းတစ်ခုပင်...

The Revenge Equation ☠Where stories live. Discover now