Episode 9

339 83 37
                                    

ရေထဲကိုထိုးဆင်းပြီးနောက် တွေ့ဆုံလိုက်တိုင်း ကောင်းကျိုးမပေးသောကောင်ကို အပူတပြင်းရှာဖွေရပြန်သည်... ခြံထဲမှာကျန်နေခဲ့တဲ့ ရှာဖွေရေးကို တာဝန်ယူထားသူတွေက ရေထဲဆင်းသွားတဲ့သူ့ကို ခဏတော့အံ့ဩသလိုကြည့်နေကြပေမယ့် သူတို့အလုပ်ကိုသူတို့ ပြန်လုပ်နေကြသည်... လက်နက်ကိုယ်စီကိုင်ထားတဲ့သူတွေက  ခြံနဲ့အိမ်အတွင်းထဲ လူပုန်းခိုနိုင်တဲ့နေရာတိုင်းဆီကို တစ်နေရာလေးတောင် အလွတ်မပေးပဲ အပူတပြင်းရှာနေ၏...

ထိုသူတွေကို ကန်ထဲကနေတစ်ချက်ပြန်ကြည့်ကာ ကန်ရဲ့အောက်ဆုံးနားမှာ မြောနေတဲ့ခန္ဓာကိုယ်တစ်ခုဆီကို တည့်တည့်မတ်မတ်ကူးခတ်သွား၏... အခြေအနေမကောင်းတော့သော မေ့မြောနေတဲ့ကြေးစားကောင်ကို ရေထဲမှာတင်လှုပ်နှိုးရင်းနဲ့ သူကိုယ်တိုင်လည်း အောက်စီဂျင်မလုံလောက်၍ ကန်ရေပြင်ပေါ်ပြန်တတ်သွားရသည်...

ထို့နောက် လေကိုအားရအောင်ရှူသွင်းလိုက်ပြီး ရေပြန်ငုတ်သည်... တခြားရွေးချယ်စရာ နည်းလမ်းလည်းမရှိတော့တာမို့ ထိုသူရဲ့လည်ဂုတ်နေရာကနေထိန်းကိုင်ကာ နှုတ်ခမ်းချင်းတေ့လိုက်သည်... သယ်ယူလာတဲ့အောက်စီဂျင်တွေကို နှုတ်ခမ်းကနေတဆင့် လွှဲပြောင်းပေးလိုက်ပြီးသည့်နောက် နောက်တစ်ကြိမ်ရေပေါ်ကိုသူပြန်တက်လာခဲ့၏...

"အေးဂျင့်ကြီးက တော်တော်လေးအားကစားလိုက်စားတာပဲ..."

ရေပေါ်ပေါ်လာတဲ့သူ့ကိုမြင်တော့ ဝန်ကြီးချုပ်ရဲ့ကြေးစားဂိုဏ်းခေါင်းဆောင်ဂျော်ဒန်က ခနဲ့သလိုပြောသည်... ဒီလူကိုမြင်ဖူးနေကျဆိုပေမယ့် ဒီနေ့ကျမှ ဂျော်ဒန်ဆိုသူရဲ့မျက်နှာပေါ်ကအမာရွတ်မှာပိုထင်းနေပြီး မသတီစရာကောင်းနေသလိုပင်...

ဒါပေမယ့် ဒါတွေကိုဂရုစိုက်နေဖို့ စက္ကန့်ပိုင်းလေးတောင် မလစ်လပ်တာမို့ ရေပြင်ပေါ်အနည်းငယ်ကူးခတ်ကာ ရေအောက်ထဲကို ပြန်ငုတ်သွားလိုက်၏... နောက်ထပ်တစ်ကြိမ် သူ့မှာပါလာတဲ့အောက်စီဂျင်တွေကို ပေးသွင်းပြီးသည့်နောက် ရေပေါ်ကိုပြန်တတ်ကာ ဟန်မပျက်ရေကိုကူးသည်...

 နောက်ထပ်တစ်ကြိမ် သူ့မှာပါလာတဲ့အောက်စီဂျင်တွေကို ပေးသွင်းပြီးသည့်နောက် ရေပေါ်ကိုပြန်တတ်ကာ ဟန်မပျက်ရေကိုကူးသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The Revenge Equation ☠Where stories live. Discover now